Chapter-5-

704 86 4
                                    

မနေ့ညက စိတ်ညစ်ညစ်နဲ့သောက်လိုက်တာ မှောက်သွားတဲ့ အရှိန်ကြောင့် Lisa တစ်ယောက် ရုံးတောင် မနက်ခင်း ခွင့်ယူလိုက်ရသည် ။ မတက်နိုင်။ နေ့ခင်း ၂ နာရီမှ ဂျူတီပြန်ဝင်ရမှာမို့... Visa သက်တမ်းတိုး
ရန် Visa ရုံးသို့ ထွက်လာခဲ့လိုက်တော့သည် ။

Lisa မှာထိုင်းလူမျိုးဖြစ်သောကြောင့် ကိုရီးယားတွင် ဒီလိုပဲ သက်တမ်းတိုးရင်း နေထိုင်သူဖြစ်သည်။

Lisa တစ်ယောက်...
ရုံးနားရောက်သည်အထိ တိုးကြိတ်တန်းစီနေသော လူအုပ်ကိုကြည့်ရင်း ရင်မောသွားရသည်။
( korea မယ်တော့ မသိဘူး...မြင်ဖူးတာ မြန်မာပြည်ကပဲမို့....တိုးကြိတ်နေတယ်လို့ပဲ မှတ်ပေးနော် 😁)

တစ်နေရာတွင် ဝင်ရောက်တန်းစီလိုက်သည် ။

"ညီမလေး အမ တို့ လုပ်ပေးရမလား ၃၀၀၀ ထဲနော်"

ဘေးနားသို့ တိုးကပ်လာပြီး နှစ်ကိုယ်ကြားလေသံဖြင့် ပြောလာသည့် အမျိုးသမီးအရွယ်ခပ်ကြီးကြီးရယ်။

( K မှာ  အာ့လို ရှိ မရှိ လည်း သိဘူးနော် ။ဒီမှာတော့ရှိတယ် ဟုတ် 😁)

"၃၀၀၀"

၃၀၀၀ ထဲဆိုတာ ဟုတ်ပမလား ။ လိမ်များ လိမ်မလားမသိ။ထိုမိန်းမက သူ့စိတ်တွင်းမှ စကားကို သိရော့ထင် ။

" အစ်မ တို့က အာမခံနဲ့ လုပ်ပေးတာ ။ အမ ကို စာရွက်စာတမ်းဖိုး ငွေ ၃၀၀၀ သာပေးလိုက်။ ထွက်လာတာနဲ့ အားလုံးအပြီးအစီး ဖြစ်စေရမယ် "

ဒီတစ်ခါ သူကျေနပ်သွားသည် ။ ၃၀၀၀ နှင့် နေပူထဲ ငါးခြောက်မလှမ်းခံရလျှင် မဆိုးဟု တွက်ဆ မိပါသည်။

"OK တစ်ကယ် ၃၀၀၀ အပြတ်နော် "

" စိတ်ချ ညီမလေး "

ထိုမိန်းမ လက်ထဲသို့ စာရွက်စာတမ်းများအား ထည့်ပေးလိုက်ပြီး ရုံးနှင့် ခပ်လှမ်းလှမ်း ကော်ဖီဆိုင်တွင် အေးအေးလူလူ ထိုင်စောင့်နေလိုက်သည်။

စိတ်အေးသွား၍လားမသိ။ မျက်လုံးက ရှေ့စားပွဲ မှ ကောင်မလေးဆီ တန်းကနဲ ကျရောက်သွား လေတော့ သည်။

Fool game Where stories live. Discover now