Chapter -12-

622 78 2
                                    

🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮

Day 1
2nd Round

နံနက်ခင်းတစ်ခုမှာ Lisa နှင့် Jane သည် Fool game Group မှ 2nd Round အတွက်ပေးပို့သော Post card နှင့်အတူ ပါ၀င်သည့် စည်းမျဉ်းစည်းကမ်းများကို မှတ်မှတ်ရရ ဖတ်နေကြရသည် ။ Rule အများစုမှာ 1st Round နှင့် သိပ်ကွဲပြားမှုမရှိ ။ Email မှ Post Card ဖြစ်သွားရခြင်း ။ ဆုကြေးငွေ ၂ ဆများလာခြင်း ။ ပြိုင်ပွဲကာလ ၁၄ရက်(၂ ပတ်) ဖြစ်သွားရခြင်း စသော ခြားနားချက် အနည်းငယ်သာရှိသည် ။ Rule အစအဆုံးဖတ်ပြီးသည်နှင့် Lisa က

" တစ်ကယ်တော့ သူတို့ မတရားဘူး "

" ဘာလို့လည်း Li"

" ကိုယ်က မနေ့ကမှ ဒီပါဆယ်ကို ဖောက်ပြီး စ ကစားတာလေ ။ သူတို့က ကျ ဖိတ်စာပို့ပြီးကတည်းက ဂိမ်းဆုံးမယ့်ရက်ကို ကြိုရေးထားတယ် ။ အဲ့ဒီတော့ ကိုယ်တို့ အစက မကစားဘူးလို့ ရည်ရွယ်ပြီး ပါဆယ်ကို ပစ်ထားတဲ့လူဆို ဘယ်လိုလုပ်မလဲ ။ အလကား တစ်ပတ် နာသွားမှာပေ့ါ ။ အခုဆို ကိုယ်တစ်ပတ်နာတာပဲလေ ။​ သည်လိုမှန်းသိရင် စ ရောက်ကတည်းက အဲ့ဒါကို ဖွင့်ခဲ့တယ် "

" Lalisa ရယ် .......တောင်းပန်ပါတယ် ။ ဒိထက် သိပ် မ 'အ' ပါနဲ့ ။ ဒါက သူတို့ Trick ဖြစ်နိုင်တယ်လေ ။ ဥပမာ .... အလုပ်လျှောက်လွှာတွေခေါ်ရင် လျှောက်လွှာပိတ်ရက်မှ လူပိုတင်ကြတာမျိုးပေ့ါ ။​ အဆုံးသတ်မယ့် ရက်ကို နီးလာမှ လူဆိုတာ ဖိအားတစ်မျိုး ရလာတာ။ သူတို့လည်း အာ့လို ရည်ရွယ်စောင့်ကြည့်ချင်တာမျိုး ထင်တယ် "

"ဒါနဲ့ စကားမစပ် ......Li ကို 'အ' တယ် ပြောတာ ချီးကျူးတာလား ။ နှိမ့်ချတာလား ။ တစ်ကယ်တန်းက ကိုယ့်ချစ်သူဘက် ကိုယ်ယက်သင့် ပြီး စကား ပြောရင် ကိုယ့်ချစ်သူကို ခလုပ်တိုက်လေ့မရှိသင့် ဘူးနော် ။​ ပြီးတော့ အိမ်ဦးနတ်ကို ဂျေဒိုးနက်နဲ့ အမြဲဆက်သ သင့်တာကို ခုက ...."

သူက ပြုံးဖြီးဖြီးဖြင့်ဆိုတော့ Jane က မျက်စောင်းဖြင့် အရင်တိုက်ခိုက်ပြီး

" ဒါမျိုးကြီးတော့ ကြားဖူးပေါင် ။ ယက်ရအောင် ကျွန်မက လိပ်မကြီး မဟုတ်ဘူး ။​ဒါအပြင် ဒီတိုင်း လမ်းမှာ လမ်းသွားရင်းတောင် ၂လမ်းတစ်ခါ ခဲတွေကို ခလုတ်တိုက်မိနေတာ ။ စကားပြောရင် ပိုဆိုး ။ ကျုံးတိုက်ပြီးသားပဲ ။ အိမ်ဦးနတ်ကို ဂျေဒိုးနက်နဲ့ အမြဲတမ်းဆက်ဖို့ဆိုတာက ၂၄ နာရီ အင်တာနက်လိုပါတယ် "


Fool game Where stories live. Discover now