"စံ.....စံ ထတော့လေ"
မွန် ကုတင်မှာတင်ပါးလွှဲလေးထိုင်ကာအိပ်ပျော်နေတဲ့စံလက်မောင်းကိုလှုပ်ကာနှိုးနေလေသည်၊၊စံ ကတော့မျက်လုံးမဖွင့်ဘဲမွန်ကိုကျောပေးကာတဖက်သို့စောင်းအိပ်ပြန်လေသည်၊၊
"စံ....လိမ္မာပါတယ် ထတော့နော်
တော်ကြာနောက်ကျလို့ဘိုးဘွားတွေထမင်းစားချိန်ကျော်သွားရင်ငါတို့ကိုပြန်စောင့်ရတာမကောင်းဘူး"မွန်ချော့မော့ပြောမှစံ စောင်လေးကိုပခုံးနားထိဆွဲကာကုတင်နောက်ကိုမှီပြီးထထိုင်လိုက်လေသည်၊၊
"ညကအမဲဖြတ်သလိုသောင်းကျန်းတာဘယ်သူလဲ" စံ အိပ်ချင်မူးတူးလေးဖြင့်မေးလေသည်၊၊
မွန် ရှက်ပြုံးလေးပြုံးပြီး
"အမဲဖြတ်တာမဟုတ်ပါဘူး.....ချစ်တာပါ ဟီး"စံ မျက်လုံးလေးတွေပွတ်ရင်း
"ဟွန်း ဒေါ်မေမြတ်မွန် ရယ်ထား
အလှည့်ကျမနွဲ့စတမ်းပေါ့"မွန် မျက်လုံးလေးပြူးပြီးခေါင်းခါခါခြေခါခါဖြင့်
"မသိဘူး.....Top onlyပဲ"စံ မျက်စောင်းလေးထိုးလိုက်ပြီး
"သူ့အလှည့်ကျတော့သိပ်သိတာနော်.....Top onlyတွေဘာတွေလာလုပ်မနေနဲ့
နောက်တခါစိတ်ဆိုးတာလို့စိတ်ကောက်တာတို့ လမ်းခွဲမယ်ဘာညာဆိုငါပေးတဲ့အပြစ်ခံပဲ"မွန် စံစကားကြောင့်စိတ်နဲ့ကိုယ်ကမ္ဘာခြားသွားရှာလေသည်၊၊
စံ ရေမိုးချိုးပြင်ဆင်နေတုန်းမွန် မီးဖိုချောင်သို့မနက်စာစားရန်သွားလေသည်၊၊
မီးဖိုချောင်မှာအလုပ်ရှုပ်နေတဲ့စံ အမေကမွန်ကိုမြင်တာနဲ့ပြုံးပြကာ
"Happy Birthday မွန်ရေ
စံရောမထသေးဘူးလား"မွန် စံအဖေရှေ့ကထိုင်ခုံလွတ်မှာဝင်ထိုင်ပြီး
"စံ ရေချိုးပြင်ဆင်နေတယ်ဒေါ်လေး"စံ အဖေက ခွက်ထဲလက်ဖက်ရည်လေးငဲ့ပေးပြီး
"Happy Birthday သမီးမွန်
ဒါနဲ့ဒီနေ့ဘယ်တွေသွားပြီးဘာတွေစီစဥ်ထားကြ"မွန်ပြောဖို့ပြင်တုန်းစံ နောက်ကရောက်လာပြီး
"လိုင်းပေါ်မှာတွေ့တဲ့ဘိုးဘွားဂေယာမှာစံတို့စုထားတဲ့ပိုက်ဆံလေးတွေနဲ့တစ်ရက်စာထမင်းဖိုး တခြားလိုရာသုံးဖို့ပါလှူဖို့လုပ်ထားတယ်.....
မုန့်လေးတွေပါဝယ်သွားဦးမယ်"