"ဟော....
မွန် သမီးနိုးနေတာလား"ရေနွေးဆူလာမို့မွန်ခေါက်ဆွဲနဲ့အရသာထုပ်တွေဖောက်ထည့်နေရင်းဖြင့်
"ဟုတ်....မနေ့ကဘာမှသိပ်မစားဖြစ်တော့ဗိုက်ဆာလို့မေမေ"အမေဖြစ်သူကမွန်နားလျှောက်သွားပြီးမွန်နဖူးလေးကိုစမ်းလိုက်လေသည်၊၊
"အဖျားကျသွားလို့တော်သေးပါတယ်"
မွန် ကြက်ဥလေးဖောက်ထည့်ပြီး
"ဘာမှမဖြစ်ပါဘူးမေမေရယ်
အအေးနည်းနည်းမိသွားတာပါ"အမေဖြစ်သူကမျက်စောင်းလေးထိုးပြီး
"မိမှာပေါ့....ညည်းကိုအလုပ်ကပြန်လာတာနဲ့ရေမိုးချိုးပြီးအေးဆေးနားပြောတာကို
မိုးချူပ်မှထချိုးတော့အအေးပက်ရောပေါ့....ပြီးတော့ရေချိုးရင်လည်းမြန်မြန်ဆန်ဆန်ချိုးဆိုလည်းကျူပ်စကားနားမှမဝင်တာ"မွန် မီးခလုတ်လေးလှမ်းပိတ်ပြီးပန်းကန်လုံးထဲခေါက်ဆွဲပြုတ်ထည့်လိုက်လေသည်၊၊
"ခေါက်ဆွဲကိုကြည့်ပါဦး....
အမြဲမာဆက်ဆက်ကြီးပဲစားနေတာ
ဗိုက်အောင့်မယ်ပြောလည်းပြောလို့ကိုမရဘူး၊၊တော်တော်ခေါင်းမာပါလားမွန်ရယ်"မွန် ထိုင်ခုံမှာထိုင်ပြီးခေါက်ဆွဲလေးမှုတ်ကာပါးစပ်ထဲတစ်လုတ်ထည့်လိုက်လေသည်၊၊
"ကျူပ်ပြောနေတာအရေးတောင်မလုပ်ဘူးလားမေမြတ်မွန်"
မွန် နှုတ်ခမ်းလေးဆူပြီး
"အာ....မေမေကလည်း
အခုမှနေကောင်းခါစလူကိုစိတ်ညစ်အောင်လုပ်ပြန်ပြီ"အမေဖြစ်သူကမွန်ပြန်ပြောဖို့ဟန်ပြင်တုန်းတံခါးခေါက်သံကြောင့်အိမ်ရှေ့သို့ထွက်သွားလေသည်၊၊
ဒေါက်....ဒေါက်
"လာပြီ....လာပြီ"
မှန်ဘီလူးလေးကချောင်းကြည့်ပြီးတံခါးလေးအမြန်ဖွင့်လိုက်လေသည်၊၊"စံ....သမီးလာ
မနေ့ကသမီးညအိပ်မယ်ထင်နေတာဒေါ်လေးပြန်ရောက်လာတော့သမီးကိုမတွေ့တာနဲ့မွန်ကိုမေးတော့ဖြေချင်သလိုမဖြေချင်သလိုနဲ့"စံ ဘာပြန်ပြောရမှန်းမသိတာနဲ့ဒီတိုင်းလေးရပ်နေမိသည်၊၊