"ဟဲလို စံပြော"
တစ်ဖက်ကအလိုမကျအသံဖြင့်
"ငါနင့်ကိုဖုန်းခေါ်နေတာသေတော့မယ်
ဘာလို့မကိုင်တာလဲ"မွန် ခေါင်းလေးကုတ်ပြီး
"ငါရုပ်ရှင်သွားကြည့်လို့silentလုပ်ထားမိလို့ပါဟခုမှပြန်ရောက်လို့ရေမိုးချိုးစားသောက်နေတာနဲ့
နင့်ကိုမဆက်ဖြစ်တာ""ဘာ....တောက်စ်
ငါ့ကိုဘာမှမပြောဘဲနင်ရုပ်ရှင်သွားကြည့်တာဟုတ်လား"မွန်လည်းစံလေသံကြောင့်ဖုန်းကိုနားကအသာခွာလိုက်ရလေသည်၊၊
ပြီးမှ"နင့်မပြောနဲ့ငါ့အမေတောင်ငါမပြောဘူး.....ရုံးကဆင်းတာနဲ့တခါတည်းတန်းသွားကြတာ"
"တောက်စ်....
နင်နဲ့ငါလုံးဝမဖြစ်တော့ဘူး ပြတ်ပြီဟာ"စံပြောချင်ရာပြောပြီးဖုန်းချသွားလေသည်၊၊"ဟမ်....စံ" မွန်အကြိမ်ကြိမ်ပြန်ခေါ်သော်လည်းစံမကိုင်တော့ပေ၊၊
ဟူး..... မွန်သက်ပြင်းရှည်ကြီးချပြီးဖုန်းကိုစားပွဲပေါ်ပစ်တင်လိုက်တော့သည်၊၊
တစ်ပတ်မှာ၆ရက်နဲ့တစ်ပိုင်းကအမြဲလိုလိုသတ်နေတာကိုမွန်စိတ်ပျက်မိသည်၊၊ဒီထက်ပိုစိတ်အပျက်ဆုံးကပြတ်ပြီဆိုတဲ့စံရဲ့လက်သုံးစကားဖြစ်သည်၊၊
၂ပတ်ခန့်ကြာသော်....
စံ အလုပ်ခန်းဝကနေမွန်ကိုခေါင်းလေးတရမ်းရမ်းနဲ့လှမ်းရှာပြီးဝင်လာလေသည်၊၊ခပ်တည်တည်နဲ့မွန်ဘေးကဆုံလည်ကုလားထိုင်ကိုဆွဲကာဝင်ထိုင်လိုက်လေသည်၊၊
မွန် ကွန်ပြူတာကအကြည့်တွေကိုလွှဲပြီးဘေးကိုသေချာကြည့်လိုက်လေသည်၊၊
"ဟင် စံ....နင်ဘယ်လိုလုပ်ပြီး"
စံ မျက်နှာလေးဆူပုတ်ပုတ်ဖြင့်
"ငါတို့projectမရှိတော့ဘူးလေ
နင်တို့projectကိုပြောင်းလာကြတာ"မွန် ထပ်ပြီး
"Training လား liveလား"စံ မျက်စောင်းလေးထိုးပြီး
"liveပါဆို"မွန် ဂုတ်ပိုးလေးကိုလက်ဖြင့်ပွတ်ပြီး
"အင်းပါ....မေးစရာရှိငါ့ကိုမေးလေ""မလိုပါဘူး" စံ ကွန်ပြူတာကိုကြည့်ပြီးမျက်နှာလေးဆူပုတ်ပုတ်ဖြင့်ပြောလေသည်၊၊