ဒေါက်....ဒေါက်
တံခါးခေါက်သံကြောင့်မွန်အမေဖြစ်သူက
"ဘယ်သူလဲ....
လာပြီလာပြီ" မှန်ဘီလူးလေးကနေချောင်းပြီးတံခါးဖွင့်ပေးလိုက်လေသည်၊၊"သြော်စံ....သမီးလေး လာလာ"
စံ ပြုံးပြီးချိုင့်ကိုလှမ်းပေးရင်း
"ဒီနေ့အိမ်မှာအုန်းနို့ခေါက်ဆွဲချက်လို့လေဒေါ်လေး"မွန် အမေကလည်းချိုင့်ကိုယူပြီး
"မွန် အထဲမှာကိုရီးယားကားကြည့်နေတယ် ဝင်သွားလေသမီး"စံ တံခါးပြန်ပိတ်ရင်းခေါင်းညိမ့်ပြလိုက်လေသည်၊၊
"မွန်....စံ ရောက်နေတယ်"
အမေဖြစ်သူကအခန်းဝကနေအော်ပြီးမီးဖိုချောင်ထဲဝင်သွားလေသည်၊၊
မွန် TVကနေအကြည့်မလွှဲနိုင်ဘဲ
"ဟုတ်မေမေ""မေမြတ်မွန်....
ငါပြောစရာရှိတယ်"စံ လေသံကဒေါသသံကြောင့်မွန် အခန်းဝကိုလှမ်းကြည့်လိုက်လေသည်၊၊
"ပြောလေစံ....ဝင်လာလေ"
စံ လက်လေးပိုက်လိုက်ပြီး
"ငါနင်နဲ့အေးဆေးစကားပြောချင်လို့"မွန် မတ်တပ်လေးထရပ်ပြီးစံနားကိုသွားကာ"ဒါဆိုငါအင်္ကျီလဲလိုက်ဦးမယ်လေ"
စံ မျက်စောင်းလေးထိုးပြီး
"ခုကဘာဖြစ်နေလို့လဲ"မွန် JJဘောင်းဘီနဲ့တီရှပ်ဝတ်ထားတဲ့ကိုယ့်ကိုငုတ်ကြည့်ပြီးခေါင်းလေးကုတ်လိုက်လေသည်၊၊
"အင်း....ဒါဆိုလည်းသွားရအောင်"ရပ်ကွက်ကပန်းခြံသို့....
မွန် ဒန်းပေါ်မှာထိုင်လိုက်လေသည်၊၊စံကတော့မွန်ဘေးမှာလက်လေးပိုက်ကာမတ်တပ်ရပ်နေသည်၊၊
"စံ....ဘေးမှာလာထိုင်လေ"
စံ ခေါင်းလေးခါပြီး
"ငါဒန်းစီးဖို့လာတာမဟုတ်ဘူးမွန်"စံ ပြောတော့မှမွန်လည်းပြန်ပဲထရမလိုဆက်ပဲထိုင်မရဖြစ်သွားလေသည်၊၊
"ကိုကြီးနဲ့မေမေ စကားများကြတယ်"
မွန် မျက်မှောင်လေးကျုံကာခေါင်းလေးမော့လိုက်လေသည်၊၊
"ဘာလို့လဲ"