စံ စောစောထပြီးအလုပ်သွားဖို့ပြင်ဆင်လေသည်၊၊မွန် အရင်လိုသူမကိုလာမခေါ်တော့တာသူမ သိတာမို့ဖြစ်သည်၊၊
"ဟဲလို"
"ဟဲလို....ဒေါ်လေး
မွန် ထွက်လာပြီလား"မွန်နဲ့ဘစ်စကားတူတူစီးချင်တာမို့မတော်ရသေးတဲ့ယောက္ခမကြီးကိုဖုန်းဆက်ပြီးမေးလိုက်လေသည်၊၊
"အင်း စံ....သူဆင်းသွားပြီ"
"ဟုတ်ကဲ့ဒေါ်လေး....ဒါပဲနော်"
စံ ဖုန်းလေးချပြီးခေါင်းလေးတစ်လည်လည်ဖြင့်ဘစ်စကားဂိတ်ကနေမွန်ကို
စောင့်နေလေသည်၊၊ခဏကြာတော့....
All Blackဝတ်ထားပြီးဆံပင်လေးကိုမြင့်မြင့်ချည်ထားတဲ့ချစ်ရတဲ့မွန်ကိုမြင်ရလေသည်၊၊
အသားဖြူဖြူလေးကအမဲရောင်လေးနဲ့သိပ်ကိုလိုက်ဖက်နေလေရဲ့.....
စံကိုမြင်တာတောင်မွန်အနားကိုရောက်မလာတဲ့ခပ်လှမ်းလှမ်းမှာရပ်နေလေသည်၊၊ပြီးတော့နားကြပ်နှစ်ဖက်ကိုနားထဲထည့်လိုက်လေသည်၊၊
စံ မွန်ကိုမသိမသာလေးခိုးခိုးကြည့်မိသည်၊၊ခဏကြာတော့စံတို့စီးမယ့်
ဘစ်စကားလေးရပ်လို့လာလေသည်၊၊ရုံးချိန်ကျောင်းချိန်ဖြစ်တာမို့နေရာတော့မရပေ၊၊လူလည်းနည်းနည်းကျပ်လေသည်၊၊စံ မွန်နားလျှောက်သွားပြီးသူ့ဘေးမှာပဲရပ်နေလိုက်သည်၊၊မွန်ကတော့စံကိုမျက်နှာချင်းတောင်မဆိုင်ဘဲအပြင်ကိုသာငေးနေလေသည်၊၊
ကားဘရိတ်တချက်ချက်အုပ်လိုက်သည်
နှင့်စံ မွန်ရင်ခွင်ထဲရောက်ရောက်သွားလေသည်၊၊မွန်ကတော့မျက်နှာကြီးသာဆူပုတ်နေလေသည်၊၊စံ လက်ကိုင်တန်းကိုကိုင်ထားတဲ့မွန်လက်လေးကိုမသိမသာလေးခိုးကြည့်လိုက်တော့သူမတို့ရဲ့ဆင်တူလက်စွပ်လေးကိုတွေ့လိုက်ရသည်၊၊စံ ကျေနပ်သွားပြီးနှုတ်ခမ်းထောင့်လေးအလိုလိုတွန့်ချိုးသွားလေသည်၊၊
ရုံးရောက်တော့....
ထုံးစံအတိုင်းမွန်ကစံဘေးမှာထိုင်လိုက်တာကြောင့်စံ ဝမ်းသာမိပြန်သည်၊၊အလုပ်လုပ်ရင်းသူမမျက်နှာလေးကိုခိုးခိုးကြည့်ပြီးကျေနပ်ရပြန်သည်၊၊