အပိုင်း(၄)

3.3K 215 2
                                    

"မွန်....ငါ
ငါဟိုဟာ....." စံ မွန်နားလေးကပ်ပြီးတိုးတိုးလေးပြောလိုက်လေသည်၊၊

မွန် ကွန်ပြူတာကအကြည့်တွေကိုခွာပြီးစံကိုလှည့်ကြည့်ကာ
"အယ်...နင်ဒီတစ်ခေါက်စောတယ်နော်
ဟိုဟာပါရဲ့လား"

စံ မျက်နှာလေးရှုံမဲ့ကာခေါင်းလေးခါပြလေသည်၊၊

"ဒါဆိုငါ HRအမကြီးဆီကသွားတောင်း
လိုက်ဦးမယ်....နင်အိမ်သာကနေစောင့်နေလိုက်"မွန် ပြောပြီးကပျာကပျာထသွားလေသည်၊၊

စံ လည်းဘောင်းဘီထဲထည့်ထားတဲ့အင်္ကျီစတွေထုတ်လိုက်ပြီးနောက်ကိုအုပ်နိုင်သလောက်အုပ်ပြီးအိမ်သာသို့လျှောက်သွားလေသည်၊၊

ခဏကြာတော့ မွန် ပြေးရယ်လွှားရယ်နဲ့စံဆီရောက်လာလေသည်၊၊

"ရော့" မွန် စံလက်ထဲထည့်ပေးလိုက်လေသည်၊၊စံ ပြုံးရင်းအရင်အချိန်တွေကိုပြန်မြင်ယောင်လာပြန်သည်၊၊

၈တန်းကျောင်းသူအရွယ်....

"အာ....မွန် သေပြီ
ငါ့စာအုပ်ရောနင့်စာအုပ်ရောအိမ်မှာကျန်ခဲ့ပြီဟာ"စံ လွယ်အိတ်ထဲလှန်လောရှာပြီးပြောလာလေသည်၊၊

မွန် ကိုယ့်နဖူးကိုယ်ရိုက်လိုက်ပြီး
"နင်ကတော့လုပ်ပြီဟာ"

ဆရာမအရမ်းကြမ်းတော့မွန် အိမ်စာကိုတခြားဘာသာတွေထက်ပိုဦးစားပေးလုပ်ဖြစ်သည်၊၊မနေ့ကဆရာမအချိန်မပါတော့စံငှားတာနဲ့မွန်လည်းပေးလိုက်မိသည်၊၊

"ကဲ....အိမ်စာမပြီးတဲ့သူရှေ့ထွက်ခဲ့
ဆရာမစစ်လို့မှစာအုပ်မထပ်ထားတာတွေ့
ရင်ပိုအပြစ်ကြီးမယ်နော်" ဆရာမကကြိမ်လုံးတပြပြဖြင့်ပြောလေသည်၊၊

စံ ကထပြီး
"ဟို ဆရာမ....
သမီးမနေ့ကမွန်ဆီကငှားပြီးညကရေးရင်းနဲ့အိမ်မှာကျန်ခဲ့ပါတယ်"

"ဟင်းဟင်း.....ဒါမျိုးတွေရိုးနေပြီ
ညည်းတို့ထက်တတ်လို့ဆရာမလုပ်နေတာနှစ်ယောက်လုံးထွက်ခဲ့စမ်း"
ဆင်ခြေပေးတယ်ဆိုပြီးဆရာမကမယုံဘဲနှစ်ယောက်လုံးကိုခေါ်လိုက်လေသည်၊၊

မွန် စံထဘီမှာစွန်းနေတာကိုမြင်တော့အနွေးထည်ကိုအမြန်ချွတ်ပြီးစံ ခါးမှာအမြန်ချည်ပေးလိုက်လေသည်၊၊

အချစ်နှောင်ကြိုးWhere stories live. Discover now