မဖိတ်ခေါ်ပဲ ရောက်ရောက်လာတတ်တဲ့ ထိုသူကြောင် ရိပ် အတော်ပင် စိတ်ညစ်နေမိသည်။
အကြောင်းပြချက်မျိုးစုံဖြစ် ဆိုင်ကို လာနေသော ကိုပြည့်သော်...ကိုယ်ဆိုင်မှာ လာအားပေးတဲ့ customerမို့ မောင်းထုတ်လို့ကလဲ မဖြစ်ပြန် ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိချဉ်းကပ်လာတာကို သိနေသည်မို့ မနှစ်မြိုတာတော့အမှန်ပင်...
အဆိုးဆုံးက ရိပ်ရဲ့ personal ဖုန်းနံပတ်ကို ဘယ်ကဘယ်လိုရသည်မသိ ညတိုင်းနီးပါး ဖုန်းဆက်လာတာပင်။
တစ်နေ့ထပ်တစ်နေ့ ပိုပြီး ရဲတင်းလာတဲ့ သူ့အပြုအမူတွေကြောင့် အတော်လေးကို စိတ်ရှုပ်ရသည်။
အခုလဲသူနဲ့တွေ့မှာစိုးလို့ မာမီရှိတဲ့မြိုထဲကဆိုင်မှာလာနေပါတယ်ဆိုမှ ဘယ်လိုကဘယ်လို ရောက်လာသည် မသိ ။
" ဟာ ...လရိပ် ဒါကတော့ တိုက်ဆိုင်မှု မဟုတ်တော့ဘူး ရေစက်လို့ပြောလို့ရပြီ နော် အန်တီ "
ပြောရင်း ဆိုင်ထဲဝင်လာတော့ မာမီက ပြုံးရင်း
" မောင်ပြည့်သော် လာလေ"
မာမီကလဲ သူ့ကို ဘာလို့များလက်ခံစကားပြောနေပြန်တာလဲ သူဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာမသိတာလဲမဟုတ်။
" မေမေက နယ်ကကြီးကြီးတို့အတွက် ပါတိတ်မှာလို့ အန်တီနှောင်းဆိုင်ကို လာခဲ့တာ လရိပ်က ဒီနေ့ ဒီမှာရောက်နေတာကိုး "
စကားပြန်မပြောချင်တာမို့ ခေါင်းငြိမ့်ပြီးသား ပြန်ဖြေလိုက်သည်။
" အန်တီနှောင်း သား ကြီးကြီးတွေက နယ်ကခြံတွေမှာ organic အသီးတွေ စိုက်တာ ဒီတစ်ခေါက် အန်တီတို့အတွက် ယူလာခဲ့အုံးမယ် သားလာပို့ချင်လို့ အဲ့တာ အိမ်လိပ်စာလေးပေးပါလား "
မာမီက ပြောဖို့ပြင်နေသည်မို့
" အကိုပြည့်သော် ရိပ်တို့အတွက်နဲ့ ဒုက္ခမရှာပါနဲ့ ရပါတယ် "
"မဟုတ်တာ လရိပ်ကလဲ ကိုယ်က စားစေချင်လို့ကို "
" ရိပ် တို့က အိမ်ကို အိပ်ချိန်လောက်မှ ပြန်ဖြစ်တာ အဲ့တာကြောင့် ဧည့်သည်လက်မခံဘူး "
" ဪ အင်းပါ အဲ့တာဆိုလဲ ကိုယ် ဆိုင်ကိုပဲ လာပို့တော့မယ် "
မာမီက သူ့သမီးအကြောင်းသိတာမို့ ဘာမှဝင်မပြောတော့ပေ။ဒီလူက အခုလို အပြောအဆိုတွေကိုခံပြီး နီးစပ်ဖို့ကြိုးစားနေတာ သာမာန်ဖြစ်ရိုးဖြစ်စဉ်ထက်ပိုတဲ့ အကြောင်းအရာတွေ ရှိနေမှာ အသေအချာပဲ မဟုတ်မှ ရိပ်ကို တမင်များ စမ်းသပ်နေတာလား?
YOU ARE READING
Your Shadow (Complete)(U&Z)
General Fictionသူ့ကိုတွယ်တာမိတာ အပြစ်တစ်ခုဆိုရင် ထိုက်သင့်တဲ့ပစ်ဒဏ်ကို ခံယူဖို့ဆုံးဖြတ်ထားပြီးသား....သူရဲ့အနားမှာရှိနေခွင့်ရမယ်ဆိုရင်ပေါ့ လရိပ်မေ အခွင့်အရေးတစ်ကြိမ်သာထပ်ရခဲ့မယ်ဆိုရင်...နောင်တတွေမပါတဲ့...