CP-19 (Believing ....)

3K 238 11
                                    

babyတို့အိမ်ကပြန်လာပြီးနောက်ပိုင်းလဲ မေမေက အရင်လိုပဲ သဇင်ကို စောင့်ကြည့်နေတုန်းပါပဲ...
မေမေယုံကြည်အောင် အဆင်ပြေသလိုနေပြနေရပေမယ့် babyကို တစ်ရက်မှမေ့မရခဲ့ဘူး....မေ့ပစ်ဖို့လဲမကြိုးစားခဲ့ဘူး...သဇင် အတွက် အချစ်ဆိုတာ babyပါ...သဇင့်ရဲ့ နှလုံးသားကိုရောဘဝတစ်ခုလုံးရော သူမှမဟုတ်ရင် နောက်ထပ်ဘယ်သူ့ကိုမှ နေရာမပေးနိုင်ဘူး.....
ရင်ထဲမှာမွမ်းကြပ်လာတိုင်း ရင်ဖွင့်မိတာက အပြာရောင် diaryစာအုပ်လေး...တစ်နေ့နေ့ ဒီစာအုပ်လေးကို babyဖတ်ခွင့်ရခဲ့ရင် ရဲ့ရွေးချယ်မှုဟာ အမြဲတမ်း မပြောင်းမလဲbabyတစ်ယောက်ထဲပဲဆိုတာကို သိလိုက်ရလို့ ကျေနပ်မှာပါလေ.....

"ဟော...သား ဆက်ပိုင် လာလေ"
"အန်တီကို ရုံးသွားပြီလို့တောင်ထင်တာ"
" နေ့လည်မှ သွားမှာ သားရဲ့..."
"မင်း ညီမဆီ လာလည်တာမှတ်လား... မိစုရေ...သမီးကို သွားခေါ်လိုက်အုံး...သူ့အကိုရောက်နေတယ်လို့"
" ဟုတ်ကဲ့ အန်တီ"
"ဒေါက်..ဒေါက်"
"သဇင်လေး...မမစုပါ"
စာရေးနေတုန်း တံခါးခေါက်သံကြောင့် စာအုပ်လေးကိုသိမ်းကာ
" မမစု ဝင်ခဲ့လေ သဇင် တခါးလော့မချထားဘူး "
" အောက်မှာ..ဆက်ပိုင်ရောက်နေတယ် သဇင်လေး...အဲ့တာ..အန်တီက အောက်ဆင်းလာခဲ့ဖို့ပြောခိုင်းလို့"
အကို ရောက်လာပြီပေါ့
" ဟုတ်ကဲ့ မမစု သဇင်လာခဲ့မယ်နော်"
အချိန် နှစ်ပတ်လောက် ပျောက်နေခဲ့တာ...ဖုန်းတောင်မဆက်ပဲနဲ့ပေါ့...အင်းလေ အကိုလဲ အရမ်း စိတ်ဆိုးခဲ့မှာ...သဇင့်အပေါ်နှစ်တွေအကြာကြီးချစ်ခဲ့တာ..စေ့စပ်တာအထိပါလုပ်ခဲ့ပြီး ပိုင်ဆိုင်ရမယ်လို့ သေချာနေခဲ့တဲ့အ‌ခြေနေကနေ အခုလို အငြင်းခံလိုက်ရတာဆိုတော့...
ရောက်လာပြီဆိုတော့ အကို ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာချနိုင်ခဲ့ပြီထင်ပါတယ်...
သဇင့်ကိုပေးမယ့် အပြစ်ဒဏ်အတွက် သဇင့်ဘက်ကလက်ခံနိုင်ဖို့ကြိုးစားရတော့မှာပေါ့...တစ်ခုသောပြစ်ဒဏ်ကလွဲလို့.....
အတွေးစကိုရပ်လိုက်ကာ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်....

ဧည့်ခန်းမှာ ပုံမှန်အတိုင်းမေမေနဲ့စကားပြောနေတဲ့ အကို့ကိုမြင်ရတော့ နည်းနည်းတော့ စိတ်သက်သာရာရသွားသည်....
အကိုက တကယ်ကို လူကြီးလူကောင်းပီသပါတယ်...သူဘာမှ မသိထားခင် ဟို အရင်တုန်းကလိုပဲ သဇင့်ကိုပြုံးပြပြီး...
"သဇင်လေး.."
" ဟုတ်ကဲ့ အကို "
" ‌ဒီရက်ထဲ ဖေဖေ့အလုပ်တွေ ဝိုင်းကူနေရတာနဲ့ မရောက်ဖြစ်တာ တော်တော်ကြာသွားတယ်"
" အန်တီတောင် မင်းညီမကို မေးနေတာ"
" ဟုတ်တယ် အန်တီရယ် ဖေဖေက ကျန်းမာရေးနည်းနည်းညံ့နေတော့ အိမ်မှာနားခိုင်းထားပြီး ကျွန်တော်ပဲ ဖေဖေ့အစား ရုံးတတ်နေရတာ..."
" မင်း လေးလေးပြန်ရောက်မှ အန်တီတို့ လာခဲ့ပါအုံးမယ်...အန်တီလဲ တစ်ယောက်တည်း နှစ်ယောက်စာလုပ်နေရတော့ မအားဘူး သားရယ်"
" ရပါတယ် အန်တီရဲ့"
" သားတို့စကားပြောကြလေ"
"  ကျွန်တော် သဇင့်ကို အပြင်ခေါ်သွားချင်လို့အန်တီ...မကြာခင် သဇင်လဲ ကျောင်းပြန်တတ်ရတော့မှာဆိုတော့ "
" ဟုတ်ပါပြီ.. ခေါ်သွားပါ မင်းညီမကို..."
အပြင်လိုက်ရမယ်ဆို‌တော့ အဝတ်အစားလဲအုံးမှဖြစ်မှာမို့
" အကို...ခဏစောင့်နော် သဇင် အဝတ်သွားလဲလိုက်အုံးမယ်"
" ရတယ် သဇင်လေး အေးဆေးလုပ်"

Your Shadow (Complete)(U&Z)Where stories live. Discover now