ဘာလိုလိုနဲ့ ရိပ်ရိပ်တို့ တက္ကသိုလ်တတ်ဖို့ လျှောက်ထားတာ...uni နဲ့ major တွေ ပြန်ကျလာပြီ....
မနက်ကပဲ စာတိုက်က စာအိတ်အညိုရောင်ကြီး လာပို့သွားသည်။
"မာမီ..ဆိုင်သွားတော့မလို့လား"
"သွားတော့မယ်...ခုနကဘဲလ်တီးတာ ဘယ်သူလဲ သမီး"
" ဒီမှာလေ မာမီ..စာတိုက်က လာပို့တာ"
"ကြည့်ပြီးပြီလား"
"အခုမှ ကြည့်ရမှာမာမီရဲ့"
ပြောရင်း စာအိတ်ကိုဖွင့်ကာ ဖတ်ကြည့်ပြီး
"မာမီ...Archi တော့ရတယ် နယ်ကျောင်းမှာသွားတတ်ရမှာ"
"မာမီ ကြိုတွေးပြီးသားပါ...သမီးနဲ့ခွဲနေရတော့မှာပေါ့"
"မာမီ..."
ချွဲနွဲနွဲ့နဲ့ခေါ်ရင်း ခါးကိုဖတ်လာသည့် နှောင်းသိပ်ချစ်ရတဲ့သမီးလေး...
"သမီးပညာရေးအတွက်ပဲ..မခွဲချင်လဲခွဲရမှာပေါ့..
..ဒီ့ထက်ပိုတိုးတတ်ဖို့ နိုင်ငံခြားကိုသွားရမယ်ဆိုရင်တောင် သမီးကလဲသွားချင်တယ်ဆိုရင် မာမီကခွင့်ပြုပေးအုံးမှာ..... ပြပါအုံး ဘယ်မြို့လဲ"
"မအူပင်"
"အရမ်းမဝေးပါဘူး သမီးရဲ့ အဲ့ဒီမြို့မှာ မာမီဆိုင့်ရဲ့ဖောက်သည်တွေရှိတယ်""သမီးအတွက် မာမီစုံစမ်းရအုံးမယ်"
"အဓိက,က အဆောင်သန့်သန့်ရှာရမယ်"
"အခုတော့ ဆိုင်သွားတော့မယ်...တာတာ့"
"တာတာ့...မာမီ ကားဂရုစိုက်မောင်းနော်"
"နေလည်မှ...သမီး ထမင်းပို့ရင်းလာခဲ့မယ်"
"ဟုတ်ပါပြီ....သွားပြီ"
မာမီကားလေးထွက်သွားတော့ အိမ်ထဲဝင်လာပြီး ကြီးကြီးရှိရာ ထမင်းစားခန်းထဲ လျှောက်လာလိုက်သည်။
"ကြီးကြီး...ဘာချက်မှာလဲ"
"သမီးလေးကြိုက်တဲ့ ငါးဘတ်ဆီပြန်လေးချက်ပေးမလို့...မိဆွေကို ဝယ်ခိုင်းလိုက်တယ်"
"မမဆွေ ပြန်မရောက်သေးဘူးလား"
"အေး..မရောက်သေးဘူးကလေးရဲ့"
"သမီး ဘာဝိုင်းလုပ်ပေးရမလဲ"
"မလိုပါဘူးကလေးရယ်...နားနေသွား...ကြီးကြီးလဲဘေးကကြည့်ပေး ဟင်းမြည်းပေးရုံပဲ..မိဆွေရှိနေတာကို"
"အဲ့တာဆို သမီး ဇာတ်ကားကြည့်လိုက်အုံးမယ်နော်"
"အေးအေး...သွားကြည့် ကျောင်းမတတ်ခင်လေး ကြည့်ရတာ"
အိမ်ရှေ့ကိုထွက်သွားတဲ့ ရိပ်ရိပ်လေးကို ကြည့်ရင်း ပြုံးမိသည်။သူလေးကြောင့်ပဲ ဒီအိမ်လေးက စိုပြေလာခဲ့ရတာမဟုတ်လား...ချစ်စရာကောင်းလွန်းတဲ့ အချက်တွေကလဲ တစ်ချက်နှစ်ချက်မဟုတ်...
အရွယ်နဲ့မလိုက်အောင် သိတတ်လွန်းသည်။
ညဘက်ရောက်တိုင်း နှောင်းအတွက်ရောကျွန်မ အတွက်ပါ အိပ်ရာပြင်ပေးသည်။ ကျွန်မကိုဆို နှိပ်ပေးသည်။
အိပ်ရာဝင်ခါနီးတိုင်း နှစ်ယောက်စလုံးကိုကန်တော့ပြီးမှအိပ်တတ်သည်။
မနက်အိပ်ရာနိုးတာနဲ့ အိပ်ရာလာသိမ်းပေးသည်။
ဒါသူနေ့တိုင်း လုပ်ပေးနေကြအလုပ်လေးတွေ...
မီးဖိုထဲလဲ သူပါတတ်သလို အိမ်သန့်ရှင်းရေးကိုလဲ ဝိုင်းကူတတ်သည်။
ကလေးပိစိလေးလိုလဲ သိပ်ချွဲတတ်တဲ့ရိပ်ရိပ်လေး.......အချွဲလေးမို့ အမြဲတမ်းကလေးလိုပဲ နေတာလားဆိုတော့ မဟုတ်ပါဘူး လူကြီးလေးလို ချက်ချက်ချာချာရှိတယ်....ဇွဲလဲကြီးတယ်......ဖြစ်ချင်တာလုပ်ချင်တာ ရှိလာရင် ပွင့်ပွင့်လင်းလင်း တောင်းဆိုတတ်ပြီး.....ဘာ့ကြောင့်လုပ်ချင်တာပါဆိုတဲ့ ဖြေရှင်းချက်ကိုပါ တစ်ခါတည်း ပေးတတ်သူလေးပေါ့....မှတ်မိသေးတယ်...အိမ်ရှေ့မှာ ငှက်အိမ်လေးတွေထားချင်တယ်လို့သူပူဆာတုန်းကပေါ့...အဲ့ဒီတုန်းက သူအသက် 11နှစ်...
ဘာလို့ထားချင်တာလဲလို့မေးတော့....သူ့တုန်းကလို ပြန်စရာအိမ်မရှိတဲ့ ငှက်ကလေးတွေ ရှိချင်ရှိနေမှာတဲ့...အဲ့ငှက်လေးတွေက ဝမ်းနည်းနေကြမှာ ခိုဝင်ဖို့အိမ်လေးကို ရှာနေကြမှာ..အဲ့တာကြောင့်သူခိုဝင်ခဲ့ရတဲ့ ဒီနွေးထွေးတဲ့အိမ်လေးလို ဖန်တီးပေးချင်တယ်တဲ့လေ...
အဲ့လို ကြင်နာတတ်ပြီးစာနာတတ်တဲ့စိတ်လေးတွေကြောင့် ကျွန်မတိုတူရီးနှစ်ယောက်စလုံးက တိုးတိုးပြီးချစ်ရပါသည်။
နှောင်းဆို သမီးလေးကိုရလိုက်တာ သူ့ဘဝအတွက် အကောင်းဆုံးဆုတစ်ခုကိုရလိုက်တာပဲတဲ့လေ
သူပြောလဲ ပြောချင်စရာ အခုဆို နှောင်းရဲ့ designတွေကိုတောင် သူက ကူပြီးဆွဲပေးတတ်နေပြီ ....................
YOU ARE READING
Your Shadow (Complete)(U&Z)
General Fictionသူ့ကိုတွယ်တာမိတာ အပြစ်တစ်ခုဆိုရင် ထိုက်သင့်တဲ့ပစ်ဒဏ်ကို ခံယူဖို့ဆုံးဖြတ်ထားပြီးသား....သူရဲ့အနားမှာရှိနေခွင့်ရမယ်ဆိုရင်ပေါ့ လရိပ်မေ အခွင့်အရေးတစ်ကြိမ်သာထပ်ရခဲ့မယ်ဆိုရင်...နောင်တတွေမပါတဲ့...