First Semester စာမေးပွဲပြီးတော့ ကျောင်းတစ်လပိတ်တာမို့ ရိပ် အိမ်မှာပြန်နေဖြစ်ခဲ့တယ်.....
ရိပ်ကို ဝင်ရောခဲ့တဲ့ chiliဆိုတဲ့ တစ်ယောက်လဲ လုံးဝ ပေါ်မလာတော့တာမို့ စိတ်အနှောက်အယှက် ကင်းသွားပြီလေ....ဒီကျောင်းပိတ်ရက်ကိုတော့ မာမီကိုအပြည့်အဝ ကူညီဖြစ်တယ်...မာမီက ဆိုင်ခွဲ ခြောက်ခုတောင်ရှိတာမို့ jection square နဲ့ ဂမုန်းပွင့်(စံရိပ်ငြိမ်) မှာရှိတဲ့ ဆိုင်ခွဲနှစ်ခုကို ရိပ် တာဝန်ယူပေးခဲ့တယ်...အခုဆို တစ်ပတ်တောင်ရှိနေပြီ......
ဒီပတ်ဝန်းကျင်မှာ ဟိုအရင် သင်တန်းတက်ရင်း မနဲ့နှစ်ယောက်သား ခြေရာထပ်အောင် လျှောက်ခဲ့ဖူးကြတာ.....
Jection square ရောက်ရင် secret garden ကို မသွားမိအောင် စိတ်ထိန်းရသလို...အခုလဲ ဂမုန်းပွင့် ၃လွှာကို ကိစ္စရှိလို့ ခဏတက်လာရင်း 5D Cinema ရှေ့က ဖြတ်သွားမိလို့... နှစ်ယောက်အတူ 5D roller coaster စီးဖို့ ခဏခဏလာခဲ့ဖူးတာ သတိရမိပြန်ရော... ရောက်တော့ရောက်ခဲ့ပြီးတစ်ခါမှမစီးဖြစ်ခဲ့ဘူးနော်....
ရိပ်တို့ ဒီတစ်ခါ ပြန်တွေ့ရင်တော့ စီးဖြစ်အောင်စီးကြမယ်...ပြီးတော့ မွန်းကြပ်ခဲ့ရသမျှ အော်ဟစ်ရင်း စိတ်ကိုအပြည့်အဝထွက်ပေါက်ပေးကြမယ်..."အမေ့"
၂လွှာက ဆိုင်ခန်းဆီအပြန်လမ်းမှာတွေးရင်းလျှောက်လာမိတာမို့ လမ်းချိုးက လာတဲ့သူကို သတိမထားမိလိုက်..." ဟာ sorry...sorry ပါ ညီမ"
" ရပါတယ် ရိပ် ကမှားတာပါ"
"ဘယ်ဟုတ်မလဲညီမရဲ့ အကိုလဲမှားတာပါ ဘေးဆိုင်ကို ငေးရင်းလျှောက်လာမိတာနဲ့ ညီမကိုမမြင်လိုက်တာ"
တိုက်မိတာကအရှိန်မပါတာမို့ ဘာမှ ထိခိုက်မိတာလဲမရှိတာကြောင့် ရိပ် ခဏစကားပြောပြီးနုတ်ဆက်ကာ နေရာကနေထွက်လာခဲ့လိုက်တယ်...
ဆိုင် ရောက်လို့ stockတွေ စစ်နေတုန်း
"တစ်ယောက်လောက် ကူရွေးပေးပါလား အကိုက မဝယ်ဖူးတော့ အဆက်မပြေမှာစိုးလို့ပါ"
ဆိုင်ရှေ့က စကားသံတွေကို နားစွင့်လိုက်တော့
customerတစ်ယောက် အကူအညီတောင်းနေတဲ့အသံ...
ခဏကြာတော့..."မမရိပ်"
" ပြောလေ...ညီမ"
"အရှေ့က အကိုက သူ့အမေအတွက် ဝယ်ချင်လို့ အကူအညီတောင်းနေတာ အဲ့တာ ညီမက အသစ်ဆိုတော့ မှားသွားမှာစိုးလို့"
YOU ARE READING
Your Shadow (Complete)(U&Z)
Genel Kurguသူ့ကိုတွယ်တာမိတာ အပြစ်တစ်ခုဆိုရင် ထိုက်သင့်တဲ့ပစ်ဒဏ်ကို ခံယူဖို့ဆုံးဖြတ်ထားပြီးသား....သူရဲ့အနားမှာရှိနေခွင့်ရမယ်ဆိုရင်ပေါ့ လရိပ်မေ အခွင့်အရေးတစ်ကြိမ်သာထပ်ရခဲ့မယ်ဆိုရင်...နောင်တတွေမပါတဲ့...