(21.7.2011)
ဒီနေ့ သဇင်ဝေနဲ့ ဆက်ပိုင်တို့ စေ့စပ်တဲ့နေ့စိမ့်စမ်းမြိုင် အိမ်ကြီးထဲမှာ နှစ်ဖက်မိဘများ ရင်းနှီးတဲ့မိတ်ဆွေများနှင့် သဇင်တို့စေ့စပ်ပွဲလေး.....
ဆက်ပိုင်..အရပ်မြင့်မြင့် မျက်ခုံးကောင်းကောင်း နဲ့ တည်ကြည်တဲ့မျက်နှာနဲ့ မဖြူမညိုတဲ့အသားအရေကြောင့် handsome ဖြစ်တယ်လို့ပြောရမည်။သဇင်က အဖြူရောင် ရင့်စေ့လက်ရှည် ဝမ်းဆက်လေးနှင့် နောက်တွဲဆံထုံးလေးထုံးကာ ခေါင်မှာ အဝါဖျော့ဖျော့နှင်းဆီပန်းလေးပန်ထားပြီး မိတ်ကပ်ပါးပါး နုတ်ခမ်းနီးပန်းနုရောင်လေးနှင့် လှရက်လွန်းနေသည်။
အိမ်ပေါ်ထပ်မှဆင်းလာပြီး သူထိုင်ရမည့်နေရာတွင်ဝင်ထိုင်လိုက်သည်။ ပြီးတော့ လူကြီးတွေကို အပြုံးနုနုလေးနှင့် နုတ်ဆက်နေလေသည်။
ဆက်ပိုင် ကတော့ သဇင့်ကို ပြုံးပြီးကြည့်နေတော့သည်။
အတွေးထဲမှာလဲ **သဇင်က တကယ့်ကို ဖြူဖြူစင်စင်လေးနဲ့လှနေတာ သူ့မျက်ဝန်းလေးတွေမှာလဲ ဘာအရောင်မှမရှိဘူး ကလေးလေးလိုပဲ
မင်းလေးက အရမ်းချစ်ဖို့ကောင်းနေလို့ အကိုစိတ်တောင်မချချင်ဘူး....**
ဟုတ်ပါတယ် ဒီကောင်မလေးကို ဟိုးငယ်ငယ်လေးကတည်းက သူ ချစ်ခဲ့မိတာ... ပထမဆုံးစတွေ့တဲ့အချိန်ကစလို့ပေါ့.....
အဲ့ဒီတုန်းက သူ 9 တန်းတတ်နေပြီ....သဇင်လေးက 5 တန်းပဲရှိသေးတယ်...
ဖေဖေနဲ့ ဒီအိမ်ကြီးကို လိုက်လာရင်း အဲ့ဒီကောင်မလေးကို စတွေ့ခဲတာ.....
ဆံပင်ရှည်လေးနဲ့ ရယ်လိုက်ရင် မြင်ရတဲ့ ပါးချိုင့်လေးနှစ်ဖက် အပြစ်ကင်းတဲ့ မျက်ဝန်းလေးတွေ...
အဲ့နေ အိမ်ပြန်ရောက်တယ်ဆို ဖေဖေနဲ့မေမေကို သဇင်လေးကို တောင်းပေးဖို့ ပူဆာခဲ့တာ...
ဖေဖေတို့က သဇင်မိဘတွေဆီမှာ ခွင့်တောင်းခဲ့ကြတယ်...ဟိုဘက်ကသဘောတူလို့ အဲ့ဒီအချိန်ကစပြီး အချိန်တန်အရွယ်ရောက်ရင် လက်ထပ်ရမယ့်သူဆိုပြီး သဇင်လေးနဲ့မိတ်ဆက်ပေးထားခဲ့ တာပေါ့.....
ကိုယ့်ဘက်က ချစ်မိနေတာကို ဘယ်လောက်ပဲအရိပ်အရောင်ပြပြ သဇင်ကတော့ ဘယ်တုန်းကမှ အကိုတစ်ယောက်ထက်မပိုခဲ့တာ ဆက်ပိုင်သိတယ်....ဘာပဲဖြစ်ဖြစ် သူ့ကိုအချိန်တန်ရင်ပိုင်ဆိုင်ရမှာပဲဆိုတဲ့အတွေး နဲ့ကျေနပ်တယ်....
အခုတော့ အတွေးသက်သက်မဟုတ်တော့ဘူး
စေ့စပ်လိုက်ပြီဆိုတော့ 50% ပိုင်သွားပြီလေ...
ပျော်ပါတယ် ကျွန်တော် သိပ်ကိုပျော်နေပါတယ်..
"သား...ဆက်ပိုင်"
"ဗျာ....ဖေဖေ"
"သားရယ်..ဘာတွေများတွေးနေတာလဲ မျက်နှာကလဲပြုံးလို့ ဒီမှာ..ဖေဖေတို့မေးတာကြားရဲ့လား".
"သားအတွေးနည်းနည်းလွန်သွားလို့ပါဖေဖေ...ဘာမေးလိုက်တာလဲဟင်"
"ငါ့သားကတော့ ဖြစ်ရမယ်ကွာ...အခုစေ့စပ်ထားပေမယ် မဂ်လာပွဲကတော့ သမီးသဇင် ကျောင်းပြီးမှ ဖြစ်မှာ...သားသဘောကိုမေးနေတာ"
YOU ARE READING
Your Shadow (Complete)(U&Z)
Genel Kurguသူ့ကိုတွယ်တာမိတာ အပြစ်တစ်ခုဆိုရင် ထိုက်သင့်တဲ့ပစ်ဒဏ်ကို ခံယူဖို့ဆုံးဖြတ်ထားပြီးသား....သူရဲ့အနားမှာရှိနေခွင့်ရမယ်ဆိုရင်ပေါ့ လရိပ်မေ အခွင့်အရေးတစ်ကြိမ်သာထပ်ရခဲ့မယ်ဆိုရင်...နောင်တတွေမပါတဲ့...