CP-26

3.3K 249 11
                                    


စားမေးပွဲ‌ဖြေပြီးတစ်ပတ်နားပြီးတော့  project လုပ်ရတယ် အခုဆို ရိပ်တို့ project ပြီးလို့ ဌာနမှူးတို့ဆီမှာတင်ပြီးပြီမို့  result စောင့်နေရတဲ့အချိန်ပေါ့
ရန်ကုန်မပြန်သေးပဲ အဆောင်က ဟိုမိန်းမတွေနဲ့ အချိန်ဖြုန်းဖြစ်တယ်...

ဒီလေးနှစ်တာလုံး ရိပ်အနားမှာ သူငယ်ချင်းလို ညီအမလို ရှိနေပေးခဲ့ကြတာ...မ , အနားမှာရှိမနေနိုင်တဲ့ ဒီနှစ်နှစ်လုံး ရိပ်ကိုသူတို့ အရမ်းဂရုစိုက်ခဲ့ကြတာ ပြီးတော့ ရိပ်တို့နှစ်ယောက်ရဲ့ချစ်ခြင်းကို အသိအမှတ်ပြုလက်ခံပေးတဲ့ ဒုတိယမြှောက် လူသားလေးတွေ...

ရိပ် BE ပါခဲ့ရင်တော့ နောက်တစ်နှစ် ဒီ ကောင်မကြီးတွေနဲ့ အတူနေခွင့်ရအုံးမှာပါ...

" ကဲ အန်တီရိပ် ဘာတွေတွေးနေပြန်တာလဲ "

" ‌ငါ BE ပါပါ့မလားလို့ စိတ်ပူနေတာ "

" နင် ဖြေနိုင်တယ်ဆို "

" အေး ဒါပေမယ့် စိတ်ကတော့ပူတာပဲ "

" ပူမနေနဲ့ ပါမှာ "

"အေးလေ နင်ကလဲ "
သွယ်သွယ်စကားကို ဝင်ထောက်ခံရင်း အနားလာထိုင်တဲ့ ကလျာမ...

" ဘာမှမဟုတ်ဘူး အရိပ်မ ငါတို့နဲ့ခွဲရမှာစိုးနေတာနေမှာ ဟုတ်တယ်မှတ်လား "

" ဖြစ်ရမယ် နင်တို့တွေကို ငါက မခွဲနိုင်ဘူး ဆုတောင်းလေ ဆုတောင်း " လဝန်းကို ခပ်ရွှတ်ရွှတ်ပြန်ပြောလိုက်တော့

" အေးပါ ပြီးတာပဲ ငါတို့ကလဲ noပါနော် "
ရှင်းသန့် ကပါ မခံချင်အောင် စ,ပြန်သည်...
အဲ့လိုနဲ့ပဲ အော်ကြ ရယ်ကြ ဆူညံနေကြပြန်ရော.
..
တကယ်ပါ ရိပ်,အတွက် အရေးပါတဲ့လူတွေထဲမှာ သူတို့လေးယောက်လဲပါတယ်...ရိပ်တို့ အတူတူပျော်ခဲ့ကြတယ် ငိုခဲ့ကြတယ်...သူတို့လေးတွေနဲ့
အချိန်ကြာကြာအတူဆက်ရှိနေချင်ပါသေးတယ်.
..

ဒီရက်ထဲ စိတ်ရှုပ်စေတဲ့အရာကို ရှင်းထုတ်လိုက်နိုင်လို့ လူက ပိုပြီးလွတ်လပ်နေသလိုခံစားရတယ်...
ကိုပြည့်သော်ဆိုတဲ့လူကို မနေ့ညက ပြတ်ပြတ်သားသား ပြောပစ်လိုက်တယ်...

ဖွင့်ပြောတယ်ဆိုရင်လဲတစ်ခါထဲငြင်းရရဲ့...
အခုက ဖွင့်မပြောပဲ အပိုင်တွက်ပြီးလာကပ်နေတဲ့သဘောကြီး
သူ့ဘက်က ရဲတင်းပုံများ အဆောင်ကိုတောင်လိုက်လာတဲ့အထိ အများအမြင်မှာ ရိပ် က သူ့ကောင်မလေးလားပေါ့...
အဲ့တာနဲ့ စိတ်အရမ်းတိုပြီး အပြတ်ကိုပြောပစ်လိုက်တာ...

Your Shadow (Complete)(U&Z)Where stories live. Discover now