အပိုင်း (၁)

1.2K 24 0
                                    


လူတစ်ယောက်... ကြက်တူရွေးလေးအား အစာကျွေးနေသော ရွှေရောင် ဆံပင်ပိုင်ရှင်ဆီသို့ လျှောက်လာခဲ့သည်။ ခပ်သုတ်သုတ် ကိုယ်ကိုညွှတ် ဂါရဝပြုပြီးနောက်.. ခပ်ကျယ်ကျယ် ပြောလိုက်သည်မှာ...

"အရှင်မင်းကြီး.. အရေးတကြီး ကိစ္စတစ်ခု လျှောက်ထားလိုပါတယ်"

"...."

ရွှေရောင်ဆံပင်ပိုင်ရှင်သည် ကြက်တူရွေးကို ပျံခွင့်ပြုလိုက်ပြီးနောက်.. သူ၏ အမှုတော်ထမ်း ဆီသို့ မျက်နှာမူလိုက်သည်။ လက်ထိပ်ဖျားတွင် ကျန်ရစ်နေသော ငှက်အတွက် သစ်စေ့အနည်းငယ်ကို ခါထုတ်နေသည်မှာ ဘာသတင်းထူးမှ မရှိသယောင်ပင်။ နေခြည်နွေးနွေးလေးသည် သူ၏ ချောမောသော မျက်နှာဆီသို့ ဖြာကျလျက်ရှိလေသည်။

"လက်စွပ်ကို ရှာတွေ့ခဲ့ပါပြီ!"

ထိုစကားကို ကြားသည့်အခါတွင်မှ... မျက်ဝန်းတို့ တောက်ပလာခဲ့တော့သည်။

***********************

"အသုံးမကျတဲ့ ကောင်မစုတ်လေး!"

သွေးယိုနေသော နှာခေါင်းက မတိတ်နိုင်။ ယခင်ကြားနေကျ ရင်းနှီးနေသောအသံမှာလည်း ယနေ့မှ ပိုပြီး ခက်ထန်နေလေသည်။

ကလေးမလေးသည် နှုတ်ခမ်းကို ကိုက်လိုက်ကာ.. ညစ်ပတ်နေသော အင်္ကျီလက်ဖြင့် နှာခေါင်းကို ခပ်မြန်မြန်သုတ်ချလိုက်သည်။

"အတော်သနားစရာကောင်းတဲ့ ကောင်မစုတ်! စေတနာထားပြီး ရက်ရက်ရောရောနဲ့ မင်းကို ငှားထားခဲ့တာ.. အနည်းဆုံးတော့ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်လေ!"

ကလေးမလေးသည် ပခုံးကို ကျုံ့လိုက်ပြီး အသက်ဝဝရှူပြီး ပြန်ပြောလိုက်သည်မှာ..

"ဘုရားရေ... ဦးလေးက ကျွန်မကို တစ်ပတ်မှ ၂ သျှီလင် ပဲ ပေးတာလေ.. ဒီငွေနဲ့ဆို ဦးလေး ငှားလို့ရနိုင်တာ ကျွန်မပဲ ရှိတယ်" ဟု ပင်။

ထိုသူသည် လက်ကို ထပ်မံမြှောက်ချလိုက်ပြန်သည်။ ဘလွန်ဒီယာ(ရွှေအဆင်း)တစ်ယောက် အံကြိတ်ပြီး မျက်လုံးတွေကို တင်းတင်းပိတ်ချပစ်လိုက်သည်။

ကျားသစ်နက်သခင် မူပိုင်ရှင်Where stories live. Discover now