ဘလွန်ဒီယာ မျက်လုံး ခပ်ကျယ်ကျယ် ပွင့်သွားလေသည်။
ပန်းရနံ့ သင်းသင်းလေးသည် အခန်းထဲပျံ့လွင့်လာကာ.. ပြတင်းမှ တဆင့် လေပြေအေးလေး တိုက်လာသည်။
မျက်နှာကြက်ပေါ်ရှိ လှပသည့် အဆင်ဆန်းများ.. သူမစားပွဲဘေးက ဈေးကြီးသော ပန်းအိုး ဆီသို့ လှမ်းကြည့်မိသည်။ အိပ်ချင်မူးတူး အသံဖြင့် ရေရွတ်သည်မှာ...
"...အား.. ဟုတ်သားပဲ... ဒါက တော်ဝင်အင်ပါယာ နန်းတော်မှာပဲ"
တည်းခိုခန်းဟောင်းလေး၏ ထပ်ခိုးမှာ နိုးထသင့်သူ ... သစ်လွင်လှပသော အလှဆင်ပစ္စည်းများကြား ရှိနေရသော်လည်း သူမအတွက်မထူးခြားလှပါ။
ဘလွန်ဒီယာ့ဘဝသည် မျက်စိတစ်မှိတ်အတွင် ကပြောင်းကပြန်ဖြစ်သွားသယောင်။
တောနယ်ဘက် လူမသိသော ရွာငယ်လေးမှနေ အင်ပါယာ၏ တော်ဝင်မိသားစု ဘလွန်ဒီယာ ရိုင်း အတ်ဇက် ဖြစ်ခဲ့ရလေပြီ...
သူမ၏ ဖခင်... ဧကရာဇ်အား ဆုံစည်းသည့်နေ့မှ စတင်၍ သူမ တော်ဝင်ရဲတိုက်ဆီသို့ ပြောင်းရွှေ့ခဲ့ရသည်။
သူမ၏ လျှို့ဝှက်ချက်ကို ရတနာဆိုင်ပိုင်ရှင်သာ သိခဲ့ပြီး.. ရွာထဲတွင်မူ သူမ ပြန်ပေးဆွဲခံရသည်ဟု ကောလဟာလ ပြန်နှံ့နေခဲ့တော့သည်။
လူကုန်ကူးမှု ခဏခဏ ဖြစ်နေသော ဤ ဒေသတွင် ရွာသားတို့အတွက် ဘလွန်ဒီယာဩ ကံဆိုးမျုကို လက်ခံဖို့ သိပ်မခက်ပေ။ သူမအတွက် ဝမ်းနည်းပေးမည့်သူလည်း မရှိခဲ့ပါ။
အိပ်ချင်မူးတူးဖြင့် ငေးငိုင်နေစဉ် အပြင်ဘက်မှ အသံတစ်ခု ထွက်လာခဲ့သည်။
"အရှင့်သမီးတော်... နိုးနေပြီဆိုရင်ဖြင့် ကျွန်တော်မျိုးမ ဝင်ခဲ့ပါ့မယ်"
"ဝင်ခဲ့ပါ"
ဘလွန်ဒီယာ အိပ်ရာမှ ထရပ်ပြီးနောက်... အကြောဆန့်နေချိန်၌ တံခါးပွင့်လာခဲ့လေသည်။
ရံရွေတော်တစ်ယောက်.. အခြားအကူမပါဘဲ ဝင်လာ၏။
" ကြည့်ရတာငါက နိမ့်ကျတဲ့သူက မွေးလို့ထင်ပါရဲ့"

YOU ARE READING
ကျားသစ်နက်သခင် မူပိုင်ရှင်
FantasyOriginal novel - I Raised the beast well (곱게 키웠더니, 짐승) Author(s) - Early Flower,이른꽃 Translator - PyThorn I didn't own this novel. ဒီ သတ္တဝါလေးနဲ့ ခင်မင်မှု ... ပျော်ရွှင်မှု.. သူရဲ့ စောင့်ရှောက်မှု... သူမဘဝရဲ့ အေးချမ်းရာ လုံခြုံရာက သူပဲလား?