ကြောင်ကလေး အနည်းငယ် စိတ်အပြောင်းအလဲဖြစ်သွားတာကို ဘလွန်ဒီယာ တစ်ယောက် ချက်ချင်း သတိထားမိခဲ့ပါသည်။
သတိကြီးစွာဖြင့် သူမ၏လက်များကို ကြောင်လေးဆီသို့ ကမ်းလိုက်သည်။
"ငါနဲ့ လိုက်မယ်ဟုတ်? ရံရွေတော်တွေကို ပတ်တီးနဲ့ ဆေး တောင်းလို့ရတယ်လေ.. ဒီအခြေအနေကြီးအတိုင်း အိမ်ပြန်သွားရင် နေမကောင်းဖြစ်မှာပေါ့"
ကြောင်လေးသည် ဘလွန်ဒီယာ၏လက်ကို နမ်းရှုံ့ကြည့်ကာ တိတ်ဆိတ်နေပေသေးသည်။ သူ၏ သေးငယ်သော လက်လေးကို သူမ၏ လက်ထဲသို့ထည့်ပေးတာ.. သူ၏ နူးညံ့သော အနက်ရောင် အမွေးကို ခံစားစေသည်။
ဘလွန်ဒီယာ့ နှလုံးသားများ တုန်ခါသွားရသည်။
ကြောင်ကလေးသည် သူမလက်ကို ပွတ်သပ်ပြီးနောက်.. သူမ လက်အတွင်းသို့ သတိပင်မပေးဘဲ ခုန်တက်လိုက်လေသည်။
"အာ့... !"
နွေးထွေးသော သားမွေးလုံးလေးသည် သူမ၏ အပွေ့အဖက်ကို သက်တောင့်သက်သာပင် ခံယူနေပေသည်။ သူမအနေဖြင့် ကျေနပ်နှစ်သိမ့်လွန်း၍ အော်ဟစ်လိုက်ချင်သော စိတ်ကို ထိန်းရဦးမည်။
(ကုပြီးတာနဲ့ ငါက အိမ်ပြန်မှာဆိုတာကို မမေ့နဲ့)
"အေးပါ..အေးပါ.. ဒီနေ့ ဒဏ်ရာကို ကုဖို့ သက်သက်ပဲ လိုက်ခဲ့ပါ"
(ဒီလောက်နဲ့ ငါတို့ သူငယ်ချင်းမဖြစ်ဘူး)
ပြောဆိုနေသော ကြောင်လေး၏အသံက အလွန်တရာပင် ချစ်စရာကောင်းနေ၍ ဘလွန်ဒီယာ့ခမျာ မပြုံးဘဲ မနေနိုင်။
"ဟေး.. ဒါနဲ့ နင်က ကြောင်ဆိုရင် ငါက နင်နဲ့ ဘာလို့ စကားပြောလို့ရနေရတာလဲ?"
(ငါက ကြောင်မှ မဟုတ်တာ)
"ဒါဆို ဘာကြီးလဲ?"
(နောက်တော့သိမှာပေါ့.. အဲ့ဒီအခါကျ နင် အံ့ဩပြီး သတိလစ်သွားလိမ့်မယ်)
သူမ၏ လက်အတွင်းတွင် သက်တောင့်သက်သာ မျက်လုံးပိတ်၍ လိုက်ပါလာသော ကြောင်လေးကို ဘလွန်ဒီယာ ငုံ့ကြည့်မိလေသည်။

YOU ARE READING
ကျားသစ်နက်သခင် မူပိုင်ရှင်
FantasyOriginal novel - I Raised the beast well (곱게 키웠더니, 짐승) Author(s) - Early Flower,이른꽃 Translator - PyThorn I didn't own this novel. ဒီ သတ္တဝါလေးနဲ့ ခင်မင်မှု ... ပျော်ရွှင်မှု.. သူရဲ့ စောင့်ရှောက်မှု... သူမဘဝရဲ့ အေးချမ်းရာ လုံခြုံရာက သူပဲလား?