အပိုင်း (၃.၂)

154 6 0
                                    



ဒါက...

..မှော်အစွမ်းလား??

ကြောင်တစ်ကောင်က လူကို စကားပြောနေတာတဲ့.. ! ကြည့်ရတာ မှော်အစွမ်းရှိတဲ့ကြောင်ဖြစ်မယ်ထင်တယ်..

သူမအနေဖြင့် မယုံကြည်နိုင်။ ဤ နန်းတော်ကြီးပင်လျှင်သူမအတွက် ဆန်းကြယ်လှပြီဖြစ်ကာ ယခု ကြောင်မှာ နောက်တစ်ဆင့် အဆန်းတကြယ်ပင်ဖြစ်ရသည်။

"ကြောင်က စကားပြောတယ်လား?"

(ကြောင်မဟုတ်ပါဘူးလို့ ပြောနေတယ် !)

"ဒါပေမယ့် နင်က ချစ်စရာပိစိလေးပဲ မဟုတ်ဘူးလားလို့?"

(မင်းကသာ နားမလည်စကားအပြောမတတ်တဲ့ ကလေးမဟုတ်လား)

ကြောင်လေးသည် မြေပြင်ကို အမြီးဖြင့် ပုတ်ရင်း.. သစ်ရွက်ကြွေများကို ဖွနေသည်။

ဘလွန်ဒီယာတစ်ယောက် အံ့ဩစွာ ပြုံးမိသည်။

နားမလည်စကားအပြောမတတ်တဲ့ ကလေး တဲ့လား..ဟမ်? စကားပြောတတ်တဲ့ ကြောင်တစ်ကောင်က အတော်လာတာပဲ..

"ခြေထောက် နာတာလား?"

(အဲ့ဒါမင်းနဲ့ ဘာဆိုင်လဲ)

"ဒဏ်ရာရသွားမှာ စိုးလို့လေ"

သူမသည် ကြောင်လေး၏ ခြေထောက်ကို ဂရုတစိုက် ကိုင်တွယ်ပြီးနောက်.. ခေါင်းထဲတွင် ပေါ်နေသောမေးခွန်းများထက် ကုသဖို့ကို အရင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

ကြောင်လေးသည် ဘလွန်ဒီယာ့လက်ကို ရှေ့ခြေဖြင့် ပုတ်ထုတ်လိုက်သည်။ သူမကိုတော့ စိတ်ပျက်အောင် မလုပ်နိုင်ပါ။ ပို၍ပင် ချစ်စရာလေး ဖြစ်နေပေသေးသည်။

ကြောင်သည် သူ၏ သွားများကို ဖြဲပြလိုက်ပါက ချစ်စရာလေးဟု ထပ်မံပြောလာမည်ကို မလိုလားသည့်အတွက်.. တိတ်တဆိတ်သာနေရန် ဆုံးဖြတ်လိုက်သည်။

ဘလွန်ဒီယာ့အနေဖြင့် သွေးတစ်ဝက်နှောမောင်နှမများနှင့်တွေ့ကာ မကြည်လင်ဖြစ်နေသော စိတ်များသည် လုံးဝပျောက်ကွယ်သွားလေသည်။

"ဘယ်လိုဖြစ်ပြီး ဒဏ်ရာရလာတာတုန်း"

ကြောင်က အဖြေပြန်မပေးပါ။

ကျားသစ်နက်သခင် မူပိုင်ရှင်Where stories live. Discover now