Part 4

186 27 11
                                    

[Zawgyi]🍇🍇🍇🍇🍇

Scroll down for unicode

အသံတွေ တိတ်ဆိတ်နေသည်..

ရုတ်ချည်းဆိုသလိုပင် ပြေးလွှားသံတွေ ဖုန်းဆက်နေတဲ့အသံတွေနဲ့ ဆူညံသွားသည်..

သစ်ပင်နဲ့ ခေါင်းနဲ့ မိတ်ဆက်နေတဲ့ ကားတစ်စီး..ခနလေးအတွင်း မီးခိုးငွေ့တွေ လှိုက်တက်လာသည်..

"ဟွားဟွား..!"

စစ်ဟော်..ကားတိုက္မှုဖြစ်တဲ့နေရာကို အမြန်ပြေးသွားလိုက်သည်..

တော်သေးတယ်.. ဟွားဟွား ဘာမှဖြစ်မသွားဘူး..

ရုတ်တရပ် သူ့လှုပ်ရှားမှုတွေ ရပ်တန့်သွားသည်..

စစ်ဟော် မျက်လုံးအပြူးသား ရှေ့က မြင်ကွင်းကို စိုက်ကြည့်နေမိသည်..

ခုနကဆို သူ့အသည်းတစ်ခုလုံး ဗြောင်းဆန်သွားတာ..ဟွားဟွား တစ်ခုခုဖြစ်သွားပြီဆိုပြီးတော့..မျက်လုံးတွေကို ပြာဝေသွားတာပဲ..

အဲ့ဒီတုန်းကကျ စိုးရိမ်နေရတာကြောင့် ရင်တွေတုန်ပြီး ချွေးစေးတွေ ထွက်လာခဲ့တာ..

အခု အခြေအနေကျ ဘယ်လိုဖော်ပြရမလဲ..

ဒီလို တစ်ယောက်အပေါ် တစ်ယောက်ထပ်နေပြီးနှုတ်ခမ်းချင်း ထိနေတဲ့ အနေအထားကိုလေ..

"အာ့ယားး..သေပါပြီ..လူကို အတင်းဖိထားတာပဲ.."

"Sorry...မင်း ရရဲ့လား.."

စစ်ဟော် အသံဩရှရှနဲ့ ​မေးလိုက်တဲ့ လူရဲ့ စကားကြားမှ ဟွားဟွားကို မထူရသေးမှန်း သတိရသွားသည်..

သူ ကမန်းကတန်း သွားလိုက်ကာ..

"လင်ဟွမ်..လာ..ဖြေးဖြေး.." ထူလိုက်သည်နှင့် ကိုယ်လုံးကျွတ် သူ့လက်နဲ့ ကပ်ပါလာသည်..

"ဝေ့..ခင်ဗျားကြီး ကျုပ်ကို သိန်း၁၀၀ပေးစမ်း.."

သူ ခနကြောင်အသွားပြီးမှ ထွက်လာတဲ့ စကားတစ်ခွန်း..

"ဟမ်..!"

"ဘာဟမ်လဲ..လူကို မူးနေတယ်ဆိုပြီး အခွင့်ရေးယူသွားလို့ရမလား..ကျုပ် လင်ဟွမ်ကို လာလှည့်စားလို့ရမယ်ထင်နေလားလို့..အညာမိတတ်တဲ့ လူစားမျိုးထဲ ကျုပ် မပါဘူး..ကျုပ် မူးနေပေမယ့် ဟော့ဒီနှုတ်ခမ်းနဲ့ ခင်ဗျားနှုတ်ခမ်း ပြွတ်ခနဲ ဒီလိုထိသွားတာ ကျုပ် သိတယ်.."

Don't Look BackWhere stories live. Discover now