Part 5

126 21 4
                                    

[Zawgyi]🐣🐣🐣🐣🐣
Scroll down for Unicode readers

Jade Company.. ငွေစာရင်းရေးရာ ဌာနမှာတော့ ထူးထူးခြားခြား တဒေါက်ဒေါက်ရိုက်သံတွေနဲ့ ဆူညံလို့နေသည်..

ခါတိုင်းနေ့ဆို အလုပ်လုပ်ပါဟဲ့ လို့ ပြောယူရသလောက် ဒီနေ့မှာတော့ ဝန်ထမ်းအားလုံးနီးပါး ကွန်ပြူတာနဲ့ မျက်စိနဲ့ မကွာတာကြောင့် အထက်လူကြီးတွေ ကျေနပ်လို့နေကြသည်..

*ဒီလိုပုံစံနဲ့ဆို ငါတို့ကုမ္မဏီ အမြတ်တွေ ထပ်ဝင်လာတော့မှာပဲ*

မန်နေဂျာတွေ ရှယ်ယာရှင်တွေ သူတို့ဝန်ထမ်းတွေ ကြိုးစားချင်စိတ်ရှိဖို့အတွက် လစာတွေ တိုးပေးဖို့ စီစဉ်လိုက်သည်..

ဒီလိုအလုပ်ကြိုးစားတဲ့ဝန်ထမ်းတွေကို ချုပ်ကိုင်ထားရမှာ သူတို့အထက်လူကြီးတွေရဲ့ တာဝန်ပဲလေ..

သူတို့ကြိုးစားနေတယ်လို့ ထင်နေတဲ့ ဝန်ထမ်းတွေဘက်မှာတော့ လက်ကွက်တွေကို တတက်တက်ရိုက်ကာ Conversation gp မှာ အားကြိုးမာန်တက် အတင်းပြောလို့နေကြသည်..

{ငါက သူဌေးအဘိုးပဲ :; ဟဲ့.. မနက်က ကြားလိုက်ရတဲ့သတင်းက အမှန်ပဲလား.. ​တစ်ယောက်ယောက် ပြောပြစမ်းပါဦး..}(စပ်စုချင်တဲ့ emoij)

{အမေက ပြောတယ် သူဌေးက :; +1 ဒီကိုလည်း လင်းကြစမ်းပါဦး..ငါ့acc nameနောက်မှာ ထည့်ဖို့ စာလုံးပျောက်လို့ မဖြစ်ဘူးနော်..}

{အမလေး သူဌေးက စောက်ရမ်းပဲ :; +2 တူတူပဲဟေ့..ငါ့ဟာလည်း ထပ်ဖြည့်ရဦးမှာနော်..မျော်လင့်ချက်မဲ့အောင် မလုပ်ကြပါနဲ့..}

{သူဌေးရဲ့ ချွေးမချောလေး :; အပေါ်က ဟာတွေ ရွပိုးထိုးမနေနဲ့တော့..သတင်းက အမှန်ပဲ..ငါ့အနာဂတ်ယောက္ခမလောင်းက ပျောက်ကွယ်သွားပြီ} ( ငိုနေတဲ့ emoil)

{လာထား သူဌေး ဆွဲစားမယ် :; ရေခဲဘုရင်လေးကလည်း..ဒီက ဦးတောင်မဦးရသေးဘူးကို..ပါသွားပြီတဲ့..ဟင့်..မားရေ..သားကို ပြောတော့ ရည်မှန်းချက်ကြီးရင် အောင်မြင်မှာဆို..ခုတော့ ကောင်းကြသေးရဲ့လား..မားရဲ့..}(ငိုနေတဲ့ emoij)

{သူဌေးကို လင်ပေးစားမယ် :; သားလေးရယ် မငိုပါနဲ့..မားလည်း ဘုရင်လေးက ဒီလိုမှန်း သိမှမသိခဲ့တာလို့..ဟဲ့.. အမြဲဆာနေတဲ့ ညဇီးကွက်..ဘယ်ရောက်နေတာလဲ..ငါ့ကို ပြောစမ်းပါဦး..ငါတို့တားဂတ်ကို ခွေးစာခွက်ထဲက နှိုက်သွားတဲ့ကောင်က ဘယ်သူလဲ..ရုပ်ကရော ငါ့သားလေးလောက် ချောလို့လား..}(ဂုဏ်ယူနေတဲ့ emoij)

Don't Look BackHikayelerin yaşadığı yer. Şimdi keşfedin