[Zawgyi]🏹🏹🏹🏹🏹
"ဒေါက်တာ..ကျွန်တော့်ညီလေး အခြေအနေဘယ်လိုရှိလဲ.."
ဒေါက်တာ စိုးရိမ်တကြီးမေးလာတဲ့ ဥဣဌကို သူ့ညီလေးအခြေအနေအကြောင်း ပြောပြဖို့ အစရှာမတွေ့ပေ..
အတော်ကြာ တိတ်ဆိတ်နေပြီးမှ..
"ဥဣဌကို ပထမဆုံး စိတ်အေးအေးထားဖို့ ပြောပါရစေ.."
စစ်ဟော် ရင်ထဲ အေးခနဲဖြစ်သွားသည်..
"ဒေါက်တာပြောချင်တဲ့သဘောက..?"
"ဟူးး စိတ်မကောင်းပါဘူး..ဥဣဌညီလေးရဲ့ အခြေအနေက တော်တော်ဆိုးပါတယ်..အားလုံးခွဲစိတ်ကုသပြီးပြီဆိုပေမယ့် ကိုမာဝင်သွားနိုင်ခြေရှိတယ်.."
"စစ်ဟော်..!!"
မီဟို ယိုင်ကျလာတဲ့လူကို လှမ်းထိန်းလိုက်သည်..သူမရင်ခွင်ထဲက တုန်ယင်နေတဲ့လူကို ကြည့်ပြီး မီဟို စိတ်မကောင်းပါ..
သူတို့တွေ ထွက်လာတုန်းက ပျော်ပျော်ရွှင်ရွှင်ပါပဲ..ဘာလို့ ဒီလိုတွေဖြစ်သွားရတာလဲ..
စစ်ဟော် အတန်ကြာမှ မိန်းကလေးမီဟိုဆီက ရုန်းထွက်လိုက်သည်..
"ကျန်တဲ့နောက်ဆက်တွဲပြသာနာတွေ ရှိနိုင်လား.."
ဒေါက်တာ ဘာပြောရမှန်းမသိဖြစ်သွားသည်..
ပြောလိုက်ရင် သူတို့ခံနိုင်ပါ့မလားလည်း သူမသိပါ..ဒါပေမယ့် ဒါက သူ့တာဝန်ဆိုတော့လည်း....
"အမှန်တိုင်းပြောရရင် ဥဣဌရဲ့ညီအခြေနေက ပြန်ကောင်းနိုင်ခြေ လုံးဝနည်းပါတယ်..တိုက္မိတဲ့ပုံစံက အားတွေအကုန် သူ့ဆီ သုံးထားတဲ့ပုံစံပါ..ဖြစ်နိုင်တာက တစ်ဖက်က ဥဣဌညီကို ပစ်မှတ်ထားတာဖြစ်နိုင်ပါတယ်..တိုက္မိတဲ့အရှိန်ကြောင့် ကွဲထွက်သွားတဲ့ကားစတွေက ရင်ဘတ်ထဲစိုက်သွားတဲ့အပြင် နှလုံးကိုပါ ၂စင်တီမီတာလောက် စိုက်ဝင်သွားပါတယ်..ဒါကြောင့် နိုးလာရင် ဘယ်လိုဖြစ်မလဲ ကျွန်တော်တို့မပြောတတ်သေးပါဘူး.."
စစ်ဟော် ဟွားဟွားအခြေနေ ဒီလောက်ဆိုးမယ်လို့လုံးဝ ထင်မထားပေ..
"ရပြီ..အခုရော ဝင်ကြည့်လို့ရပြီလား.."
"ကြည့်လို့ရပါတယ်..ဒါပေမယ့် တစ်နေ့ကို ၂နာရီပဲ ရပါမယ်..ပိုးဝင်နိုင်တဲ့လက္ခာရှိနေလို့ပါ.."