[Zawgyi] 🌟🌟🌟🌟
(Scroll down for Unicode readers)၆နှစ်အကြာ....
~~ကျွီ~~~~
ကြီးမားလှတဲ့ အဆောက်အဦးရှေ့ကို ရပ်လာတဲ့ကားသံအကျယ်ကြီးကြောင့် လူအားလုံးအကြည့်တွေက ထိုကားဆီရောက်လို့သွားလေသည်။
ကားက တစ်ကမ္ဘာလုံးမှာမှ အကန့်အသတ်နဲ့ ထုတ်တဲ့ကားဖြစ်သည်ကြောင့် အားလုံး စိတ်မဝင်စားပဲမနေနိုင်ဖြစ်နေသည်..။ထိုကားပေါ်က ဘယ်သူဆင်းလာမလဲကြည့်နေရင်းနဲ့ ကားတံခါးပွင့်လာကာ ဖြူဖွေးလှပနေတဲ့ ခြေတံရှည်တစ်စုံကို မြင်လိုက်ကြသည်။
ရုပ်ရည်ရူပကာက ထိပ်တန်းမင်းသမီးတွေထွက်တောင် ချောမောနေတဲ့ ထိုမိန်းမပျိုကို ငေးကြည့်မိရာမှ C&R Com မှ ဝန်ထမ်းတွေက ကမန်းကတန်းပြေးလာကြကာ ထိုမိန်းမပျိုကို ခါးညွန့်ကာ အရိုသေပေးလာပြီး...
"မမလေး...နောက်ဆုံးတော့ ပြန်လာပြီပဲ..အခုဖြစ်နေတဲ့ အခြေနေက မမလေး ကယ်တင်မှ ရမှာပါ.."
သူမ နှုတ်ခမ်းကို အသာကွေးလိုက်ကာ သော့ကို နီးရာလူဆီ ပစ်ပေးလိုက်တယ်..ခြေထောက်တွေကို အဆောက်အဦးထဲ သွားဖို့ လှုပ်ရှားလိုက်ရင်း မေးမြန်းစရာရှိတာ မေးလိုက်ရသည်..
အမှန်က မေးစရာမလိုလောက်အောင် သူမ ခန့်မှန်းနိုင်ပါတယ်..ဒါပေမယ့်လည်း....
အကြောင်းရင်း ဂဂနန မသိဘဲ ရောက်လာတာနဲ့ ဟိုဒေါသအိုးရဲ့ ဒဏ်ကို ဘယ်လောက်ခံလိုက်ရလဲမသိ၊ မျက်ရည်မျက်ခွက်ဖြစ်နေတဲ့ ဝန်ထမ်းတွေကြောင့် ခါတိုင်းထက် ပိုဆိုးနေတာ အသိသာပင်..
*ဘာတွေဖြစ်ပြန်ပြီလဲ မသိ..ငါနှယ့်နော်..ရောက်လာတာနဲ့ အမောဆို့လိုက်တာ.."
သူမ စိတ်ထဲက မောနေတဲ့အပူတွေက ဝန်ထမ်းတွေဆီက အဖြေစကားကြောင့် သူမ ရင်ဘတ်ကို ဒုံးချည်အစင်းလိုက် ဝင်ဆောင့်သွားသလို ခံစားလိုက်ရတယ်..
သစ္စာဖောက်၊ကတိဖောက်တာ မကြိုက်... မဟုတ်သေးဘူး...မုန်းပါတယ်ဆိုတဲ့သူကိုမှ အစီရင်ခံစာကို လိမ်တင်ရတယ်လို့...
လိမ်ချင်လည်း ထားဦး..တခြားကုမ္မဏီရဲ့ လုပ်ငန်းနဲ့ ချိတ်ပြီး project ကို တွဲလုပ်သေးတယ်တဲ့..အဲ့တာကလည်း Company က တိုက်ရိုက်စာချုပ်ချုပ်တဲ့ partner ထဲကလည်း မဟုတ်ဘူး...