Zawgyi
"ဟေ့ကောင်တွေ ဒီည တွေ့ နေကြနေရာမှာပဲနော်!"
ဟောက်ရွှမ်းက သူ့ ရဲ့အနက်ရောင် ဆိုင်ကယ်လေးပေါ် ခြေလှမ်းရင်း အသီးသီးထွက်ခွာကြတော့မည့် ဆိုးဖော်ဆိုးဖက် သူငယ်ချင်းတွေအား လှမ်းပြောလိုက်သည်။
သူတို့ဟာ တက္ကသိုလ်ဒုတိယနှစ် ကျောင်းသားတွေဖြစ်ပြီး တစ်ကျောင်းလုံးမှာရှိသော ကျောင်းသားတွေမှန်သမျှ သူတို့ကို မသိတဲ့သူမျှရယ်လို့ မရှိ။ဆရာတွေတောင် လက်မြှောက်ထားရတဲ့ အဖွဲ့ တစ်စုလည်း ဖြစ်သေးသည်။
"ဒါပေါ့ကွ"
အပြာရောင်ဆိုးထားသော ဆံပင်တွေကို ခါတင်ရင်း နားမှာဆွဲထားသော နားဆွဲတွေက တလက်လက်။သေသပ်ပိရိသော နှုတ်ခမ်းပါးနဲ့ လုံးဝန်းသောနှာတံလေးတို့က မိန်းကလေးတို့ ကျရှုံးသော အဓိကနေရာ။
ထိုသူကား…ဒီမြို့ ၏ အမတ်ရဲ့ တစ်ဦးတည်းသော ဝမ်ရိပေါ်။
တစ်ဦးတည်းသားဆိုတဲ့အတိုင်း ပေတူးလန်နေအောင် ဆိုးသည်။ဖြစ်သမျှ ရန်ပွဲတိုင်းလည်း သူထိပ်ဆုံး။သူ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။သူတို့တစ်ဖွဲ့ လုံးက ရန်ပွဲတိုင်းမှာပါတယ်။ဆိုင်ကယ်လီဗာကို တဗျင်းဗျင်းဆွဲရင်း ကျောင်းဝန်းအတွင်းမှ
ထွက်လာခဲ့ကြသည်။ဆိုင်ကယ်မောင်းနေရင်း ခံတွင်းချဉ်လာတာကြောင့် mini store ဆိုင်လေးတစ်ဆိုင်ရှေ့မှာ ဝမ်ရိပေါ် ဆိုင်ကယ်ရပ်လိုက်သည်။လိုချင်တာယူပြီး ခုံပေါ်တင်ထားတာကာ ပိုက်ဆံကို အိပ်ကပ်ကြားထဲက နှိုက်ထုတ်လိုက်သည်။ထိုအချိန် သူတင်ထားသော
ဆေးလိပ်ဘူးဘေး ရောက်လာသော နို့ဗူးသုံးဗူး။နိုးဗူးပေါ်တင်ထားသော ဖြူလျလျလက်ချောင်းလေးတွေ။
သူ့ ဘယ်ဘက်က နှလုံးအိမ်ကြီးက ဒိတ်ကနဲ ဒိတ်ကနဲ။What!! အခု သူက လူတစ်ယောက်ရဲ့ လက်ချောင်းတွေကို မြင်ပြီး ရင်ခုန်နေတာ!!အိုးမိုင်ဘုရား ဘယ်လိုတွေဖြစ်နေတာလဲ။ဝမ်ရိပေါ်…မင်း သိက္ခာကျလိုက်တာ!
သိစိတ်က တားနေပေမဲ့လည်း မသိစိတ်ကတော့ ထိုလူရဲ့
မျက်နှာပေါ်အကြည့်ရောက်သွားတော့သည်။ဘေးတိုက်မြင်နေရသော မျက်တောင်လေးတွေက ရှည်ရှည်လေး။နှာခေါင်းလေးကလည်း ချွန်ချွန်လေး။နှုတ်ခမ်းလေးကလည်း နီနီရဲရဲဖူးဖူးလေး။သူမြင်နေရတဲ့ဘက်ခြမ်းက နှုတ်ခမ်းအောက်မှာလည်း မှဲ့မှဲ့အစက်ကလေး။
YOU ARE READING
Green Pen & White Paper [ Completed ]
FanfictionBJYX Myanmar Mini Fiction! Present For @Wang-Xiao-Mei