Zawgyi
နောက်မနက် ရှောင်းကျန့် ကျောင်းရောက်တော့ ကန်တင်းရဲ့
တစ်နေရာမှာ အဖွဲ့ ကျနေသော ခေါင်းပြာကောင်လေးကို
အမှတ်တမဲ့ တွေ့ လိုက်တယ်။သူ့ နောက်လိုက်လာတာတော့ မဟုတ်နိုင်ဘူးမလား။
ပေါက်ကရတွေ တွေးနေပြန်ပြီ ရှောင်းကျန့်!ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ခါးကို မတ်မတ်လျှောက်လာလိုက်တယ်။ဆရာဖြစ်ပြီး ကုန်းကွကုန်းကွ ဖြစ်နေတာတော့ မကောင်းဘူးမလား။
ဝမ်ရိပေါ်က လည်တိုင်ကိုမော့ကာ ကျောကိုဆန့်ပြီး ဆောင့်ကြွဆောင့်ကြွလမ်းလျှောက်သွားတဲ့ ဟိုကောင်လေးကို တွေ့ လိုက်တယ်။
မနေ့ကအကြောင်းများ ခေါင်းထဲရောက်လာတော့ စိထားတဲ့ပါးစပ်က ဘေးသို့ပြဲသွားတယ်။အိန်ဂျယ်နဲ့အခန်းထဲရောက်ပြီးမှ အတွေးထဲ မှဲ့နက်ပဲ ရောက်ရောက်လာလို့ အိန်ဂျယ်ကို တောင်းပန်ပြီး အမြန်ထွက်ပြေးလာရတယ်။
တွေ့ များတွေ့ နိုင်မလားဆိုတဲ့ စိတ်ကလေးနဲ့ ညနေကရောက်ခဲ့တဲ့ ဆိုင်လေးနားကို ရောက်အောင်သွားပြီး ဟိုကြည့်ဒီကြည့် ရှာနေလိုက်တယ်။
လူသုံးယောက်နဲ့ လမ်းပိတ်နေတဲ့ ကောင်လေးကို တွေ့ တော့
လူစွမ်းကောင်းကြီး လုပ်ချင်တဲ့ စိတ်က တဟုန်တိုးကို ရောက်လာတော့တာပဲ။ဟိုငကြောက် သုံးယောက်ကလည်း ဘာမှမလုပ်ရသေး။
မြို့ကျော်နယ်ကျော်ဖြစ်နေတဲ့ သူ့ ကို ရုပ်မြင်တာနဲ့ ပြေးတာ
ဖင်ကို ဖနောင့်ပေါက်တဲ့ အထိပဲ။သူက ကောင်လေးရှေ့ ဟီးရိုးလုပ်ပြချင်တာကို။လက်သေးသေးလေးကို ကိုင်လိုက်တော့ ရုန်းနေသေးတယ်။
ရုပ်တည်တည်နဲ့ဟောက်လိုက်တော့ ငြိမ်သွားသေး…
ယောက်ျားလေးသာ ဆိုပေမဲ့ လက်ကလေးတွေက နူးညံ့နေတာပဲ။ဘယ်ဆေးလိမ်းလည်း နောက်ပြီးကျရင် မေးရမယ်။သူ့ လက်ကတော့ အမာရွတ်ပေါင်းစုံနဲ့ ကြမ်းတမ်းနေတာပဲ။
ဒါမှ ယောကျာ်းလက်ဆိုပြီး စိတ်ထဲ ကြိတ်ဂုဏ်ယူလိုက်သေးတယ်။ဒါပေမဲ့ သူ နားမလည်လိုက်တာက ဘာလို့ အဲ့ကောင်လေးက
အိမ်ထဲဝင်ခါနီး အသက်ပိုကြီးတယ်လို့ ပြောပြီး အသားကုန်ပြေးဝင်သွားရတာလဲ။သူလဲ ဘာမှ မလုပ်ရသေးဘဲနဲ့။ရိုးရိုးပြောလည်း ရတာပဲကို။
YOU ARE READING
Green Pen & White Paper [ Completed ]
FanfictionBJYX Myanmar Mini Fiction! Present For @Wang-Xiao-Mei