Extra

6.5K 590 12
                                    

Zawgyi

ဝမ်ရိပေါ်ကတော့ နို့လူသားလေးကို ဝမ်အိမ်တော်သို့ စခေါ်လာတဲ့နေ့ကစပြီး ရှောင်းအိမ်တော်ကို လုံးဝပြန်လိုက်မပို့ပေးသလို ချစ်ရတဲ့သူလေးကလည်း အိမ်ပြန်ချင်တယ်လို့ တစ်ခါမှ မတောင်းဆိုပေ။

ကျောင်းကိုတော့ တစ်ပတ်အထိ ခွင့်တင်ထားပြီး ပျားရည်စမ်း
ခရီးကို အပြတ်ထွက်ပြီး ကလေးပါရအောင်လုပ်မည်ဟု ဝမ်ရိပေါ် ကြွေးကြော်ထားလေသည်။

"ပေါင်ပေါင်း!"

sun cream လိမ်းနေသည့် ရှောင်းကျန့်က ဝမ်ရိပေါ်ကို
ဂရုမစိုက်လာတာကြောင့် သူ နည်းနည်းတော့ တင်းလာသည်။

"ပေါင်ပေါင်းလို့"

နောက်ကနေ ထိုင်ကာ ပေါင်ပေါင်းခါးကို ခွလိုက်သည်။

"ဘာလဲ လောင်ကုန်းရဲ့"

လောင်ကုန်းဆိုသော အသံလေးကြောင့် ဝမ်ရိပေါ် စိတ်တွေ
နောက်နေသောရေထဲကို ကျောက်ချဉ်ထည့်လိုက်သလို ကြည်လင်စမ်းမြလန်းဆန်းသွားလေသည်။

"အဲ့တာတွေ အရမ်းမလိမ်းနဲ့လေ…
ပေါင်ပေါင်းအသားလေးက နူးနူးအိအိလေး။မတော်လို့ ပွန်းပဲ့သွားရင် ဒီလူပဲ ရင်ကျိုးရချည်ရဲ့"

ပေါင်ပေါင်းက သူ့ အား လည်ပတ်လှည့်ကြည့်လာပြီး ကမ္ဘာပေါ်မှာ အချိုဆုံးအရာတွေထက် သာလွန်သော အပြုံးလေးကို ပြုံးပြလာသည်။

ဝမ်ရိပေါ် မနေနိုင်စွာ ခါးကို အနည်းငယ်စောင်းလိုက်ပြီး
ပါးလေးကို နစ်ဝင်အောင် နမ်းပစ်လိုက်သည်။ပထမဆုံး ကိုယ့်ယောကျာ်းကိုယ် အသဲယားလွန်းလို့ သေသွားတဲ့မသာ သူ
ပထမဆုံး ဖြစ်လာတော့မယ်။

သူ ဒီနို့လူသားလေးကို သိပ်ချစ်တာပဲ။အသည်းထဲက သွေးကြောထဲ အရိုးတွေထဲက တစိမ့်စိမ့်ကို ချစ်တာ။နို့အရမ်းကြိုက်တဲ့ သူ့ ပေါင်ပေါင်းကိုယ်လေးက နို့နံ့လေးလည်း သင်းနေတာပဲ။အဲ့ခန္ဓာကိုယ်ကို အရသာမြည်းကြည့်လိုက်ရင်ဖြင့် ချိုအိစိမ့်ပြီး ဆိမ့်နေတာပဲ။

"လောင်ကုန်း မင်း ငါ့ကို အဲ့လောက်ထိ ဖြစ်မနေစမ်းပါနဲ့"

"ကျွန်တော်က ချစ်တာကိုလို့"

Green Pen & White Paper [ Completed ]Where stories live. Discover now