Zawgyi
"ဝမ်ရိပေါ် မင်းဟာလေးကို အောက်ချပြီး အခုချက်ချင်း
ဒီကိုလာစမ်း!"တက်နေသော လှေကားထစ်နားမှာ ရပ်လိုက်ပြီး ချစ်ရတဲ့
ရင်နှစ်သည်းချာလေးကို အောက်သို့ချပေးလိုက်တယ်။"ပေါင်ပေါင်း ကြောက်နေလား"
အားကိုးလိုက်စမ်းပါဗျာ။
ကြောက်တယ်လို့ ပြောလိုက်တာနဲ့ ကျွန်တော့်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမှာ။"မကြောက်ပါဘူး။
ဒါပေမဲ့ မင်းက ကြောက်နေတာမလား""ဘယ်သူပြောလည်း ကျွန်တော်က ဘာမှမကြောက်ဘူး!"
မျက်နှာကို ဟန်ဝင့်လို့ နို့လူသားလေးရဲ့လက်ကိုဆွဲကာ ပါပါးတို့ရှေ့ သွားလိုက်သည်။
"အေး ထိုင်ကြ မင်းတို့နှစ်ယောက်"
ထိုင်တာ ရိုးရိုးမထိုင်ဘဲ ပေါင်ပေါင်းကို ပေါင်ပေါ်တင်လိုက်တာကြောင့် ပါပါးရဲ့ ခပ်ကျယ်ကျယ် အသံထွက်လာလေသည်။
"ဝမ်ရိပေါ် မင်း ဘယ်လိုဖြစ်နေတာလဲ!"
ဝမ်ရိပေါ်က ပါပါးပြောတာဂရုမစိုက်။
တစ်ဖက်က ယောက္ခမကြီးတွေဆီ အကြည့်တစ်ချက် လှမ်းပို့လိုက်သေးသည်။ပေါင်ပေါင်းရဲ့အမေက မျက်စောင်းခဲကာ ကြည့်နေတာကြောင့် မျက်စိကိုအသာကုန်ပိတ်ပြီး ပါးစပ်ကို ကျယ်နို်င်သမျှကျယ်ကာ ရယ်ပြလိုက်သည်။ဒါမှ သူ့ သမက်လေး မျက်နှာချိုတာ သိမှာ။
"ကဲပြော မင်းတို့ကို အခု ဘာလုပ်ပေးရမှာလဲ"
"ဒါများမေးနေသေးတယ် ပါပါးရယ်
တစ်ခါတည်း လက်ထပ်ပေးလိုက်ပေါ့"ဟုတ်တယ်လေ။
ဒါများ အထွေအထူးလုပ်နေပြီး မေးနေသေးတယ်။
ဝမ်ရိပေါ်တို့က နို့လူသားလေးရဲ့ အရသာသိနေပြီ။
လက်လွှတ်ခံမယ် ထင်နေလား။လုံးဝပဲနော်!"ဒီဘက်က အကိုနဲ့အမတို့ရော ဘယ်လိုလုပ်ချင်ကြပါသလဲ။
ကျွန်တော့်သားကတော့ မြင်တဲ့အတိုင်းပါပဲဗျာ!""နာမည်က ဝမ်ရိပေါ်နော်"
ယောက္ခမကြီးက မျက်လုံးကို စိုက်ကြည့်ကာ မေးလာတာကြောင့် ပေါင်ပေါင်းလက်ကို ကိုင်ပြီး ရဲရဲဝင့်ဝင့်ပဲ ဖြေချလိုက်တယ်။
YOU ARE READING
Green Pen & White Paper [ Completed ]
FanfictionBJYX Myanmar Mini Fiction! Present For @Wang-Xiao-Mei