Zawgyi
လမ်းရှင်းသော တစ်နေရာအရောက်တွင် ဝမ်ရိပေါ် ဆိုင်ကယ်ကို ရပ်လိုက်သည်။ဘာလို့ဆို အနောက်က ထိုင်လိုက်နေသော လူသားလေးက သူ့ ခါးကို တအားဆွဲနေတာကြောင့်။
"ဒါနဲ့ မင်းက ဘာလို့ ငါ့ကို အတင်းအိမ်ပြန်ခေါ်လာတာလဲ…
ငါ့ကို ရှင်းပြပါဦး။မင်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက် သိလည်း မသိဘဲနဲ့ ငါ့ကို ဆွဲလားရမ်းလား လာလုပ်နေတယ်!"ရှောင်းကျန့် ထိုစကားကို ဆယ့်ငါးမိနစ်လောက် ဆိုင်ကယ်စီးပြီးမှ ပြောထွက်လာသည်။တော်သေးတာပေါ့ ဒီနေ့ပြောထွက်သေးလို့။သူ့ ကိုခိုးပြေးတဲ့သူသာဆိုရင် အခုလောက်ဆို ဟင်း……
"ခင်ဗျားလေးက နေမကောင်းတဲ့သူလေ။နေမကောင်းတော့ အိမ်မှာပဲ နေရမှာပေါ့။ဘာလို့ ကျောင်းသွားနေဦးမှာလဲ။"
"ငါ နေမကောင်းဘူးလို့ မင်းကို ဘယ်သူပြောလဲ!"
"ဦးနှောက်မှာ တစ်ခုခုဖြစ်နေတာမလား"
"ဟမ်"
ရှောင်းကျန့် သူ့ ကို အရူးလို့ မပြောရုံတမယ် ထင်နေသည့်
ခေါင်းပြာကောင်ရဲ့ထိပ်ကို ပိတ်ထုလိုက်သည်။"မင်းစဉ်းစားလေ ငါသာ အဲ့လိုဖြစ်နေရင် ကျောင်းမှာ စာလာသင်မလား ငတုံးကောင်ရဲ့"
"ဒါဆို ကျွန်တော် ခင်ဗျားက ကျပ်ပြည့်ရဲ့လားလို့ မေးတုန်းက
ဘာမှမှ ပြန်မပြောကြတာ။""မင်း မေးခွန်းကိုလည်း ပြန်စဉ်းစားကြည့်လေ။
ဆရာတစ်ယောက်ကို ကျောင်းသားတစ်ယောက်က ကျပ်ပြည့်ရဲ့လားမေးနေတာ ဘယ်သူက မအံ့သြဘဲ နေမှာလဲ""ဒါဆို ခင်ဗျားကရော ဘာလို့ အူကြောင်ကြောင်တွေ ပြောနေတာလဲ"
"ငါ့အကျင့်ပဲ။အရမ်းစပ်စုတယ်…အခုချက်ချင်း ငါ့ကို ကျောင်းပြန်ပို့ အကုသိုလ်လေး!"
သူ့ ကို ပစ်ပစ်နှစ်နှစ်ပြောချသွားပေမဲ့ စိတ်မဆိုးရက်နိင်။
နို့နံ့မွှေးနေတဲ့ ထိုလူ့ ကို ချစ်ပစ်ချင်စိတ်တွေပဲ တဖွားဖွား ထွက်လာနေတယ်။ဝမ်ရိပေါ်တို့က အချစ်ကို လယ်ဗယ်ဂိတ်ဆုံးရောက်နေပြီ။လာမတားကြနဲ့တော့…
YOU ARE READING
Green Pen & White Paper [ Completed ]
FanfictionBJYX Myanmar Mini Fiction! Present For @Wang-Xiao-Mei