Unicode
Draco ဟာ ကျောင်းစတက်ကတည်း ဘယ်သူ့ကိုမှ စကားမပြောတော့၊ တစ်ယောက်တည်းဘဲနေတတ်တော့ပေမယ့်...သူ့ ဦးနှောက်ထဲရော နှလုံးသားမှာပါ
အမြဲရှိနေသူတစ်ယောက်တော့ ရှိပါတယ်။ သူရဲ့ ရန်သူတော်လို့ အများသိတယ့် သူသိပ်ချစ်တဲ့ သူရဲ့...
Harry (ဒါမှမဟုတ်) သူအမြဲခေါ်နေကြ Potter!...သူအမြဲစဥ်းစားခဲ့ပါတယ်...Harry နဲ့ သူနဲ့က ဘာလို့
ဒီလိုပုံစံနဲ့ တွေ့ဆုံခဲ့တာလဲဆိုတာ...သူတို့နှစ်ယောက်မွေးကတည်းက ကံကြမ္မာက ဆန့်ကျင်ဖက်အဖြစ်သတ်မှတ်ပေးခဲ့တယ်...Draco ဟာ မွေးကတည်းက လိုလေသေးမရှိအောင် မိဘကဖြည့်ဆည်းပေးခဲ့ပါတယ်...
မိဘရဲ့မေတ္တာ..ဂရုစိုက်မှုတွေကလွဲလို့ပေါ့...သူကျောင်းစမတက်ခင်အချိန်ကတည်းက အိမ်မှာနေရင် Harry Potter (or) အသက်ရှင်သန်သူကောင်လေး...ဆိုတဲ့ နာမည်ကိုကြားရလေ့ရှိတယ်...
သူကျောင်းစတက်မယ့် ညမှာအဖေကသူ့ကိုခေါ်ပြီးပြောတယ်..Harry Potter ဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းလုပ်ဖို့ကိုပေါ့...သူ့မှာငြင်းပိုင်ခွင့်မရှိပါဘူး..
သူ..အဲ့ Harry ဆိုတဲ့ကောင်လေးကို ရထားပေါ်မှာ
ကတည်း ကတွေ့ခဲ့ပါတယ်..သူပုံစံလေးက သေးသေးလေးနဲ့ ချစ်စရာလေးပါ..အဲ့လိုကောင်လေးနဲ့ သူငယ်ချင်းလုပ်ရမယ် ဆိုတော့လည်း အဆင်ပြေပါတယ်လေ..Draco သူငယ်ချင်းလုပ်ဖို့ သွားဖွဲ့တယ့်အချိန် ဘေးမှာ ဆံပင်နီကြောင်ကြောင်နဲ့ကောင် ကိုတွေ့လိုက်ရတယ်..အဖေပြောနေကြ Weasley ကောင်ပေါ့...သူ Weasley ကောင်ကို ခနဲ့သလို
ပြောလိုက်တော့...အကောင်သေးသေးလေးကချက်ချင်း အဲ့ကောင်ကို ကာကွယ်ပြီး သူနဲ့သူငယ်ချင်းလုပ်ဖို့ကို ငြင်းလိုက်တာပေါ့..နည်းနည်းတော့စိတ်တိုသွားပေမယ့်..အကောင်သေးသေးလေးရဲ့စွာပုံလေးကိုပြန်စဥ်းစားမိပြီး အကြာကြီးတော့စိတ်မဆိုးလိုက်နိုင်ပါဘူး...အဖေနဲ့တွေ့တယ့် အချိန် အဲ့အကြောင်းပြန်ပြောတော့အဖေက
"ဟက်...ဖအေနဲ့သားတပုံစံထဲကို သူတော်ကောင်းလုပ်ချင်တာလည်း တူမှာပေါ့"
လို့ အဖေက ပြန်ပြောတယ်
"ခုကစပြီး မင်းသူနဲ့ သူငယ်ချင်းလုပ်စရာမလိုတော့ဘူး..Draco မင်းသူနဲ့ရန်သူလုပ်ရမယ်"
YOU ARE READING
𝗘𝗡𝗘𝗠𝗬
Fanfictionhogwarts ရဲ့ final war ကြီးပြီးသွားတဲ့အချိန် ရန်သူလို့ သတ်မှတ်ထားတဲ့ သူတို့နှစ်ယောက်ကြားက အခြေအနေကရော ဘာတွေပြောင်းလဲသွားမှာလဲ??...