Unicode
"သမီးကအပြင်မှာ ပိုတောင်လှသေးတာဘဲကွယ်.."
Astroria ကို ချီးကျူးပြီး ပြုံးနေတဲ့ Mommy ကြောင့်သူလည်းပျော်ရွှင်ရပါတယ်။ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာက နာကျင်ရပေမယ့်လည်းပေါ့။
"ဒါဆို သမီးတို့ လက်ထပ်ပွဲ ဘယ်တော့လောက်လုပ်ကြမှာလဲ.. Mommy တော့မြန်မြန်လုပ်စေချင်တယ်ကွယ်"
"အန်တီ့သဘောပါ.. သမီးကတော့ အဆင်ပြေပါတယ်"
"အန်တီလို့မခေါ်ပါနဲ့ကွယ်.. Mommy လို့ဘဲခေါ်ပါ နောက်လည်းခေါ်ရမှာဘဲကို.."
"ဟုတ်ကဲ့.. Mom..Mommy"
Mommy ရဲ့စကားကြောင့် ရှက်ပြုံးလေးပြုံးပြီး ရှက်သွားတဲ့ Astroria က သိပ်လှပါတယ်။
ဒါပေမယ့် အရပ်ပုပု၊ ပါးလေးတွေနီနေတတ်ပြီး မျက်မှန်အောက်က မျက်ဝန်းစိမ်းလေးတွေနဲ့ သူ့ပုံစံလေးအတိုင်းနေတာတောင် ချစ်စရာကောင်းနေတတ်တဲ့ အကောင်ပေါက်လေးလောက်တော့ ဘယ်သူ့မှ သူ့ရင်ကိုမလှုပ်ခတ်စေနိုင်ခဲ့ဘူး။
"Mommy သဘောကတော့ လာမယ့်တစ်ပတ်အတွင်း လုပ်စေချင်တယ်ကွယ်.. သမီးကအဆင်ပြေတော့ သားကရော.."
"Mommy.... သဘောပါ ဒါပေမယ့် ကျွန်တော် ခင်မင်တဲ့မိတ်ဆွေ အနည်းငယ်ကိုဘဲ ဖိတ်ပြီး လုပ်ချင်တယ် Mommy.."
"အေး..အေး.. ဒါဆို Mommy ပြင်ဆင်လိုက်တော့မယ်နော်.. သားတို့လည်း ခရီးပန်းလာမှာပေါ့.. နားကြတော့လေ"
"ဟုတ်ကဲ့. Mommy"
သူကတော့ သူ့အရင်နေခဲ့တဲ့ အခန်းမှာနားပြီး၊ သူမကတော့ Mommy စီစဥ်ပေးထားတဲ့ အခန်းထဲမှာ အနားယူဖို့ ဝင်သွားတော့တယ်။
သူအခန်းထဲကို တစ်ချက်ဝေ့ကြည့်မိလိုက်တယ်။ ဘယ်သူမှဝင်တာမကြိုက်တဲ့ သူ့အခန်းကို Mommy ကိုယ်တိုင် ရှင်းပေးထားပုံပါဘဲ။ ဘယ်အရာကမှ မပြောင်းလဲသွားခဲ့ပါဘူး။ သူထွက်သွားခဲ့တုန်းကအတိုင်းလေးဘဲ။
သူ ကုတင်နဲ့ မျက်နှာချင်းဆိုင်က သူ့ ဗီဒိုလေးရဲ့ ဟိုးဒေါင့်ဆုံးမှာ ထား ထားတဲ့ ဖဲကြိုးအဝါလေးနဲ့ ချည်ထားတဲ့ ဘူးလေးကို ယူလိုက်တယ်။ သူကုတင်ပေါ်ပြန်ထိုင်ပြီး အဲ့ဒီ ဘူးလေးကို ဖွင့်ကြည့်လိုက်တယ်။
YOU ARE READING
𝗘𝗡𝗘𝗠𝗬
Fanfictionhogwarts ရဲ့ final war ကြီးပြီးသွားတဲ့အချိန် ရန်သူလို့ သတ်မှတ်ထားတဲ့ သူတို့နှစ်ယောက်ကြားက အခြေအနေကရော ဘာတွေပြောင်းလဲသွားမှာလဲ??...