Ep - 5

824 134 21
                                    

Unicode

Harry မနေ့ညက ကိစ္စကြောင့် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ဘူး။ မနက်ကျရင် Draco နဲ့ ရင်ဆိုင်ရမှာ ကြောက်နေမိတယ်။ ဖွင့်ပြောခဲ့တာ သူ ဆိုပေမယ့်
လှုတ်ခတ်နေတဲ့ ကိုယ့်နှလုံးသားရဲ့ အဖြေကို သိသွားတာကြောင့် မျက်နှာချင်းဆိုင်ရမှာ အနည်းငယ် မျက်နှာပူစရာဖြစ်နေမိတယ်။

"Harry မအိပ်ပြန်ဘူးလား"

Ron အသံကြားမှ အဲ့အတွေးတွေကြားကနေ ထွက်လာခဲ့တယ်။

"အင်း... အိပ်မပျော်လို့"

"မင်း ပိုအိပ်သင့်တယ် Harry.. မနက်စာသွားစားမယ်ထတော့"

အထူးဆန်း မဟုတ်တာမလို့ Ron ကလည်း သာမန်အတိုင်းဘဲ ပြန်ပြောတယ်။ Ron အပြောကြောင့် အိပ်ရာကနေထလိုက်ပြီး နှစ်ယောက်အတူ
Great Hall ကို လာလိုက်တယ်။

Great Hall ပေါက်ဝရောက်ရောက်ချင်း ကြည့်မိလိုက်တာက Jinny မဟုတ်ဘဲ Slytherin စားပွဲကို ဖြစ်နေခဲ့တယ်။ သူ Draco ကို Corridor  တစ်လျှောက်လုံးလည်းမတွေ့၊ ဒီမှာလည်း မတွေ့တော့
ဒီနေ့လည်း အတန်းမတတ်ပြန်ဘူးလားလို့ သူထင်မိတယ်။

သူနဲ့ Ron, Hermonie နဲ့ Jinny ဘေးမှာ ဝင်ထိုင်လိုက်တယ်။

"နင်တို့က နောက်ကျနေလိုက်တာ... သတင်းထူးတစ်ခုရှိတယ် "

Hermoine ရဲ့ စကားကြောင့် သူတို့သုံးယောက်
ငယ်ငယ်ကအတိုင်း ခေါင်းချင်းဆိုင်လိုက်ကြတယ်။

"ဘာဖြစ်လို့လဲ"

Ron ရဲ့ မေးခွန်းကို ဖြေတဲ့ Hermonie ရဲ့ အဖြေကြောင့် ဆွံ့အပြီး ကြောင်သွားမိတယ်။

"Malfoy...ကျောင်းထွက်သွားပြီ"

သူက ကျောင်းထွက်တယ်။ သူပြောတဲ့ ပျောက်ကွယ်သွားပေးမယ်ဆိုတာ ဒီလိုမျိုးလား။ သူထင်ခဲ့တာ အဲ့လို ပျောက်ကွယ်သွားတာမဟုတ်ဘူးလေ။ အနည်းဆုံးတော့ မျက်နှာလေးတော့ မြင်ခွင့်ရဦးမယ်ထင်ခဲ့တာ။
Draco ရှောင်နေမယ်ဆိုရင်တောင် သူ့ဘက်က
စကား စပြောမယ်လို့ တွေးထားတာ။

ဘာလို့လဲ။ ခံစားချက်တွေ သေချာသွားပြီ ဆိုမှ ဘာလို့ထွက်သွားရတာလဲ။ သူမှားတာပါ.. ဖွင့်ပြောတဲ့အချိန်တည်းက သူထွက်သွားစရာမလိုဘူးလို့ ပြောခဲ့ရမှာ။

𝗘𝗡𝗘𝗠𝗬Where stories live. Discover now