Unicode
မနက်ခင်း နေရောင်မထွက်ခင် အချိန်မှာ Draco နိုးလာခဲ့တယ်။ ရင်ခွင်ထဲက အနွေးလုံးလေးကြောင့် ငုံကြည့်မိတော့ ကိုယ့်အပိုင်အမှတ်အရာလေးတွေနဲ့ လှနေတဲ့ ချစ်သောလေး။ Draco သဘောကျစွာ ခပ်ဖွဖွပြုံးမိတယ်။ မျက်နှာပေါ်ကျတဲ့ ဆံပင်ကောက်လေးကို နားနောက်ညှပ်ပေးတော့ ရင်ခွင်ထဲပိုတိုးလာပြန်တယ်။ ဘယ်လိုလေးလဲကွာ။ အသည်းယားစွာ ပါးပြင်ဖွေးအုလေးကိုလည်း တရှိုက်နမ်းမိပြန်တယ်။ တစ်ခါနမ်းတိုင်း အိ၀င်သွားတဲ့ ပါးလေးကြောင့် အကြိမ်ကြိမ်နမ်းချင်စရာ။
အခုတော့ နေပါစေဦး။ နောက်မှ မျက်နှာတစ်ပြင်လုံး ဖူးယောင်တဲ့အထိ နမ်းပစ်မယ်လို့ Draco ကြိတ်တွေးမိတယ်။ တစ်နာရီလောက် ဒီ အကောင်ပါက်လေးကို ငေးကြည့်နေရာမှ မနက်စာစားပြီး ဆေးတိုက်ဖို့ လွတ်သွားမှာကြောင့် ထဖို့ပြင်ရတော့တယ်။
Harry ကို ဆောင်သေချာခြုံပေးပြီး ကုတင်ပေါ်က အထမှာ လက်မောင်းကို ခိုအာလာလေးလို တွယ်ထားသူကြောင့် Draco ဆံပင်တွေကို တချက်သပ်ပြီး ရယ်မိတယ်။ ဖြေးဖြေးချင်း ရှောင်ထွက်ရင်း လွတ်သွားတော့မှ မနက်သစ်ရတော့တယ်။
မီးဖိုချောင်ကိုဖွင့်ပြီး ချက်ဖို့ ဟိုရှာ ဒီရှာ လုပ်တော့ ရေခဲသတ္တောထဲမှာ ရက်လွန်နေတဲ့ နွားနို့နဲ့ ပေါင်မုန့်ကလွဲလို့မရှိ။ Draco တချက် သက်ပြင်းချမိတယ်။
'ဘယ်လိုများ ရှင်သန်နေရတာလဲကွာ'
အာဟာရဖြစ်စေတဲ့ဟာတစ်ခုတော့ စားရမှာဖြစ်တာကြောင့် Draco ကားနဲ့ စျေးသွားဖို့ စဥ်းစားလိုက်တယ်။
အကောင်ပေါက်လေး နိုးလာရင် လိုက်ရှာနေမှာစိုးလို့
မြန်မြန်သွားဖို့ ပြန်လိုက်တယ်။စျေးကနေ ဟင်းချက်စရာတွေ ရေခဲသတ္တောအပြည့် ၀ယ်လာပြီး နေ့တိုင်း ဒီအကောင်ပေါက်လေးကို အရာသာရှိတာတွေ ချက်ကျွေးပြီး ဝကစ်လေးဖြစ်လာဖို့ တာဝန်ယူရပေးရတော့မယ်။
Draco မနက်စာချက်၊ သေချာပြင်ဆင်ပြီးချိန်မှာ အကောင်ပေါက်လေးကို နိုးဖို့ အိပ်ခန်းထဲ ၀င်လာတော့တယ်။
YOU ARE READING
𝗘𝗡𝗘𝗠𝗬
Fanfictionhogwarts ရဲ့ final war ကြီးပြီးသွားတဲ့အချိန် ရန်သူလို့ သတ်မှတ်ထားတဲ့ သူတို့နှစ်ယောက်ကြားက အခြေအနေကရော ဘာတွေပြောင်းလဲသွားမှာလဲ??...