Ep - 12

938 130 11
                                    

Unicode

Harry Pov

Draco က ရေစိုပြီး ကြွက်စုတ်ဖြစ်နေတဲ့ သူ့ကို ကားပေါ်တင်ကာ အိမ်သို့ လိုက်ပို့ပေးခဲ့တယ်။

"ရောက်ပြီ ဒီနေရာမလား Potter.."

"အင်း.. ဟုတ်တယ်"

အိမ်ရှေ့ရောက်ပြီး ကားရပ်လိုက်တဲ့အထိ နှစ်ယောက်သား ဘာမှမပြောဘဲ ကားပေါ်ထိုင်နေကြတုန်းပါ။
အပြင်က အငြိုးကြီးစွာ ရွာနေတဲ့ မိုးသံတွေကလွဲလို့ ကားထဲမှာ တိတ်ဆိတ်နေဆဲပါ။
Draco ကလည်း ဆင်းဖို့မပြောသလို၊ သူကလည်း ဆင်းဖို့ မေ့နေခဲ့ပုံပါဘဲ။

"အုန်း...."

ကျယ်လောင်လှတဲ့ မိုးကြိုးပစ်သံကြောင့် သူ့ကိုယ်လုံးလေးတုန်တက်သွားခဲ့တယ်။ ဘေးမှာရှိနေတဲ့ ချစ်ရသူရဲ့ ရင်ခွင်ထဲ တိုးဝင်ချင်မိသော်လည်း ခြုံပေးထားတဲ့ အဝတ်လေးကိုသာ တင်းတင်းဆွဲဆုပ်ထားမိတယ်။

"မင်းအဆင်ပြေရဲ့လား.."

နှစ်ယောက်ကြား တိတ်ဆိတ်မှုကို Draco ကစတင်ဖြိုခွင်းလိုက်တယ်။

"အဆင်ပြေပါတယ်.. မင်းရော အိမ်ထဲ.. ဝင်ဦးမလား"

အဆုံးသတ်နားမှာ မဝံ့မရဲစွာ တိုးဝင်သွားတဲ့အသံကြောင့် Harry သူ့ကိုယ်သူသာ ကျိန်ဆဲမိတယ်။

"အင်း... မင်းခွင့်ပြုရင်ပေါ့"

ထိုလူသားရဲ့ မမျှော်လင့်ထားတဲ့ အဖြေကြောင့် Harry ဝမ်းသာမိသွားတယ်။

"လာ.. လိုက်ခဲ့လေ"

မိုးရွာတဲ့အချိန်ကို ကြောက်တတ်တဲ့ Harry မဟုတ်တဲ့အတိုင်း သူ တတ်ကြွစွာပြောလိုက်တယ်။

အိမ်ထဲရောက်တဲ့အခါ မီးဖိုနားသွား​ပြီး သူ့ မှော်တုတ်တံနဲ့ မီးစာရအောင် လုပ်ပြီးထိုင်ခုံကို မီးဖိုရှေ့ ရွေ့ပေးနေလိုက်တယ်။ သူလုပ်သမျှကို တစ်ချက်မျှ အလွတ်မခံဘဲ
ကြည့်နေတဲ့ လူတစ်ယောက်ရှိတယ် ဆိုတာတော့ Harry မသိခဲ့ပါ။

"ထိုင်လေ... ငါ့ အကျီ သွားလဲဦးမယ်"

ရေစိုနေတဲ့ အဝတ်ကို လဲဖို့ အခန်းထဲဝင်လာလိုက်တယ်။အခန်းတံခါးဝကို မှီကာ ပြုတ်ထွက်တော့မလို ခုန်နေတဲ့ သူ့နှလုံးသားကြောင့် သူအသက်မှန်မှန်ရူမိတယ်။

𝗘𝗡𝗘𝗠𝗬Where stories live. Discover now