Ep - 3

871 138 11
                                    

Unicode

"အား.......!"

Harry တစ်ယောက် အမြဲမက်နေကြ အိမ်မက်ဆိုးကနေ လန့်နိုးလာခဲ့တယ်။

"Shit!..again"

သူ အိမ်မက်ကနေ လန့်နိုးတိုင်း ဘယ်တော့မှ ပြန်မအိပ်နိုင်ဖြစ်တာမလို့ သူစိတ်ညစ်မိတယ်။ ဒီရက်ပိုင်း အိမ်မက်ဆိုးတွေက တဖြည်းဖြည်းစိတ်လာတော့ harry အိပ်မရတဲ့နေ့တွေ များလာခဲ့တယ်။

သူ့ သူငယ်ချင်းတွေကလည်း သူပိုအိပ်သင့်ကြောင်း ပြောလာခဲ့တယ်။ သူလည်း ဒီ အရာတွေကနေ လွတ်မြောက်ချင်မိပြီ။

သူနိုးလာတော့ မနက် 3 နာရီလောက်ဖြစ်တာမို့ မအိပ်တော့ဘဲ နေပြီး ကိုယ်ပျောက်ဝတ်ရုံခြုံပြီး Tower ကို ထွက်လာဖို့ ဆုံးဖြတ်လိုက်တယ်။

သူထွက်လာရင်းနဲ့ Tower ရောက်တော့ ဘယ်သူ့ကိုမှ မတွေ့ရတော့ သူ စိတ်ပျက်သွားမိတယ်။

စိတ်ပျက်တယ်လို့ တွေးမိတော့ သူ့ကိုယ်သူ လန့်သွားခဲ့တယ်။

'Harry မင်းဘာတွေတွေးနေတာလဲကွာ မနက် ၃နာရီ ဘယ်သူက Tower မှာ ရှိမှာလဲကွ'

harry သူ့ကိုယ်သူ သတိပေးရင်း Tower လက်ရန်းနားမှာ ရပ်နေလိုက်တယ်။

ခဏနေတော့ လမ်းလျှောက်သံကြားလို့ သူလှည့်ကြည့်မိတော့ Malfoy ဖြစ်နေခဲ့တယ်။ ဘာလို့လည်း မသိပေမယ့် သူမျှော်နေတယ့် အရာတစ်ခုရောက်လာသလိုမျိုး ခံစားမိတယ်။

သူက ကိုယ်ပျောက်ဝတ်ရုံနဲ့ဆိုတော့ Malfoy က သူ့ကို မြင်ပုံမပေါ်ဘူး။ တစ်စုံတစ်ယောက်က ဘေးနားရှိနေပေးရင် အဆင်ပြေသလို ခံစားမိလို့ သူလည်း ဘာမှမပြောဘဲရပ်နေလိုက်တယ်။

Malfoy က လက်ရန်းမှာ ဟိုနေ့က သူတွေ့တုန်းက ပုံစံအတိုင်း လက်ရန်းမှာ ထိုင်လိုက်တယ်။

'ဒီ ဆံပင်ဖြူနဲ့ကောင် တော်တော်သေချင်နေတယ်နဲ့တူတယ် ငါတွန်းချလိုက်ရ..'

Harry အဲ့လိုကြိတ်တွေးပြီး ရပ်နေလိုက်တယ်။ နည်းနည်းကြာလာတော့ သူမနေနိုင်တဲ့ အဆုံး စကားစဖို့ကြံလိုက်တော့တယ်။

"Malfoy မင်းဒီလိုအမြဲ...."

"Fuck!.."

သူမေးမလို့စလိုက်ပေမယ့် ကိုယ်ပျောက်ဝတ်ရုံနဲ့ဆိုတော့ Malfoy လည်းလန့်သွားပုံပါဘဲ။

𝗘𝗡𝗘𝗠𝗬Where stories live. Discover now