Part 8

793 116 6
                                    

#unicode

Jisooဆီ သွားမတွေ့ခင် Jennieဆီသို့ Roseanne ဖုန်းဆက်သေးသည်

သို့သော်လည်း Jennie က ဖုန်းမကိုင်သောကြောင့် Roseanneလည်း ရေချိုးဖို့ ပြင်ဆင်လိုက်သည်

Jisoo မှာ Roseanneရှေ့ ကြည့်ကောင်းအောင် suit အဖြူရောင်လေး ဝတ်ပြီး Entertainment သို့ မောင်းထွက်လာခဲ့သည်

Roseanneလည်း ရေချိုး မနက်စာ စားပြီးနောက် Bus ကား စီးကာ Jisooရဲ့ Entertainment ဆီသို့ စိတ်လှုပ်ရှားစွာ ထွက်လာခဲ့သည်

"Good Morningပါ ဧည့်သည်  ချိန်းထားတာရှိလားရှင့် "

Entertainment ထဲ ဝင်ဝင်ချင်း သူမကို နှုတ်ဆက်တဲ့ Reception က ကောင်မလေးကို Roseanne ပြုံးပြပြီး ပြန်နှုတ်ဆက်လိုက်သည်

"ဟုတ် Good morningပါ ဒီက CEOနဲ့ ချိန်းထားလို့ပါ "

"နာမည်လေး တစ်ဆိတ်လောက် "

"Roseanne Park ပါ "

"အော် ဟုတ်ကဲ့ CEOက ဧည့်သည်ရောက်တဲ့အခါ ရုံးခန်းကို ခေါ်လာခဲ့ဖို့ မှာထားပါတယ် လိုက်ပို့ပေးပါမယ်နော် "

"ကျေးဇူးတင်ပါတယ် "

Roseanneမှာ ဝန်ထမ်း နောက် လိုက်သွားရင်း Emtertaientကြီးကို ကြည့်ကာ နောက်ဆို သူမလည်း ဒီ Entertainment မှာ လေ့ကျင့်ပြီး Debutလုပ်ရတော့မည်ကို တွေးရင်း ကျေနပ်ပျော်ရွှင်နေသည်

Knock knock!

တံခါးခေါက်သံကြောင့် Jisoo အံဆွဲထဲက ရေမွှေးကိုအမြန်ထုတ်ကာ အဝတ်အစားပေါ်သို့ တစ်ချက်ဆွတ်လိုက်သည်

ထို့နောက် ရေမွှေးပုလင်းကိုပြန်သိမ်းပြီး ချောင်းဟန့်လိုက်သည်

"အဟမ်း ဝင်ခဲ့ပါ "

Jisooမှာ ချောင်းဟန့်ပြီးနောက် အနားရှိ စာရွက်တစ်ရွက်ကို ကောက်ကိုင်ပြီး ဟန်လုပ်နေသည်

Roseanne ရုံးခန်းထဲ ဝင်ဝင်ချင်း စားပွဲခုံတွင် စာရွက်တွေဖတ်နေတဲ့ Jisooကို ကြည့်ပြီး နည်းနည်းတော့ရှိန်သွားသည်

"Roseanne ရောက်လာပြီလား ထိုင်လေ ဘာသောက်မလည်း အအေးလား ကော်ဖီလား Teaလား "

Jisoo ထရပ်ပြီး ပြောတော့ Roseanne လည်း ဆိုဖာမှာ ဝင်ထိုင်လိုက်သည်

What's wrong with My Exes Where stories live. Discover now