Part 13

764 124 19
                                    

#zawgyi

Roseanne debut လုပ်ပြီးတာ တစ်လရှိသွားချေပြီ

ပရိတ်သတ်အသစ်တွေပါ တိုးလာသောကြောင့် Roseanne တော်တော်လေး ပျော်နေသည်

Instagram မှ သူမပုံအောက်က Fan comment တွေ လိုက်ဖတ်ရင်း Jennie ကို Roseanne သတိရသွားတယ်....

Jennieရဲ့ Accountကို သွားကြည့်တော့ Jennie ဘာပုံမှမတင်တာ နှစ်လလောက်ရှိသွားသလို active မဖြစ်တော့တာကို တွေ့လိုက်ရသည်

"အာ ပြတ်သွားပြီကို ဘာလို့ သူ့acc ရှာနေမိမှန်းမသိဘူး..."

Roseanne ကိုယ့်ကိုကိုယ် သတိပေးရင်း clear search လုပ်လိုက်သည်

ထိုစဉ် Jisooဆီကနေ ဖုန်းဝင်လာသောကြောင့် Roseanne ဖုန်းကိုင်လိုက်သည်

"Hello CEO "

"Jisoo လို့ ခေါ်ပါဆို..."

"အာ Jisoo Hello "

"Good girl. ..ဒီနေ့ Schedule မရှိဘူးမလား "

"မရှိဘူး အနားရတယ် "

"ဒါဆို တို့နဲ့ coffee သွားသောက်ရအောင် မင်းကို တို့ပြောစရာရှိလို့ "

"ဟုတ် ဘယ်ကိုလာခဲ့ရမလည်းဟင် "

"ဟင့်အင်း မလာနဲ့ တို့ လာခေါ်မယ် တို့ကိုစောင့်နေ "

"Nae. .."

Roseanne ဖုန်းချလိုက်ပြီး Jisoo လာခေါ်ရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်လိုက်သည်

"ဘယ်သွားမလို့လည်း Roseanne "

အဝတ်အစားလဲပြီး အခန်းထဲက ထွက်လာတဲ့ Roseanneကို Hyeri ရုပ်ရှင်ကြည့်ရင်း လှမ်းမေးလိုက်သည်

"CEOက coffee လိုက်တိုက်မလို့ဆိုပြီး ဖုန်းဆက်လို့ "

"Aww ဟုတ်ပြီ ကောင်းကောင်းပျော်ခဲ့ပါ Roseanne "

"အာ Unnieကလည်း "

Hyeriက စနောက်တော့ Roseanne ရှက်ပြီး ဧည့်ခန်းထဲက အမြန်ထွက်လာသည်

တီတီ

ကားဟွန်းတီးသံကြောင့် ခြံထဲကဒန်းပေါ် ထိုင်နေတဲ့ Roseanne တစ်ယောက် Jisoo ရောက်လာမှန်း သိပြီး ထွက်လာသည်

"ဝိုး ဒီနေ့ Roseanne အရမ်းလှတာဘဲ "

ခြေဆုံးခေါင်းဆုံး သူမကို ကြည့်ရင်း ချီးကျူးလိုက်တဲ့ Jisoo ကြောင့် Roseanne ရင်တွေ ခုန်လာသည်

What's wrong with My Exes Donde viven las historias. Descúbrelo ahora