Part 22

546 76 5
                                    

#unicode

idol အဖွဲ့ဝင်ဖြစ်တဲ့ A ဟာ သူမရဲ့  crazy fanဖြစ်သူ Bရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်

A ဖြစ်သူဟာ သူငယ်ချင်းဖြစ်သူနဲ့ စားသောက်ဆိုင်က ထွက်လာစဥ် Bက ရောက်လာပြီး လက်ထပ်ဖို့ပြောကြားကာ ဆွဲခေါ်သွားခြင်း ဖြစ်ပါတယ်

ဒါ့အပြင် Bက A ဖြစ်သူနဲ့ပတ်သက်ပြီး ရူးသွပ်နေတဲ့  လက်ထပ်ဖို့အကြောင်း ပြန်ပေးဆွဲမယ့်အကြောင်း အစရှိသည့် ခြိမ်းခြောက်စာတွေလည်း ပို့နေခဲ့သူဖြစ်ပါတယ်

Aရဲ့ Agencyကတော့ B ဖြစ်သူကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့တရားစွဲမည် ဖြစ်ကြောင်း ရဲစခန်းမှာ ပြောကြားအမှုဖွင့်ခဲ့ပါတယ်

Hyeri တစ်ယောက် သတင်းကိုကြည့်ရင်း ကျစ်ဆုတ်နေသည်မိသည်

"ကျစ်ကျစ်ကျစ်ကျစ် Idol တွေ ဘဝကလည်း ဒီလို Fanတွေကြောင့် သနားစရာကောင်းလိုက်တာ "

"အင်း ဟုတ်ပါ့ "

Roseanneလည်း ထမင်းသုပ်စားရင်း Hyeriပြောတာကို ထောက်ခံလိုက်သည်

"နင့်ရည်းစား Lisaလည်း နင့်ရည်းစားသာ ဖြစ်မလာရင် B. .. သူ့လိုမျိုး ဖြစ်လာမှာ "

"ဟယ် Unnie ကလည်း သူများချစ်သူကို စွပ်စွပ်စွဲစွဲနဲ့ "

"ဟုတ်တယ်လေ နင်သွားလေရာနေရာမှာ သူက ရှိနေတာ ဒါက ရူးသွပ်တဲ့ Fanတွေက သူတို့ idol နောက် လိုက် stalkနေတာမျိုးနဲ့ တူမနေဘူးလား "

Hyeri စကားကြောင့် Roseanne တွေဝေသွားသည်

ဟုတ် သည်....Lisaက သူမ သွားလေရာ နေရာတွေမှာ အကြောင်းအမျိုးမျိုးနဲ့ရှိနေတတ်သည်

Coffe လာသောက်တာ Roseanne

အဲ့ဟိုတယ်မှာ အလုပ်ကိစ္စကြောင့် အသိတစ်ယောက်နဲ့ လာတွေ့တာ Roseanne. ....

Bambaလေ ကျနော်ပြောပြဖူးတဲ့ ထိုင်းက ငယ်သူငယ်ချင်း သူနဲ့ အဲ့  coffeeဆိုင်မှာ တွေ့ဖို့ချိန်းထားတာ Roseanneလည်း အဲ့မှာ Goeun နဲ့ လာတွေ့တာလား ကျနော်တို့က စိတ်ချင်းဆက်နေတာထင်တယ်

Hyeri ပြောသလို stalkနေတာလား ဒါမှမဟုတ် တိုက်ဆိုင်နေတာများလား....ဘာဘဲဖြစ်ဖြစ် Lisaဘက်က တွေးတော့လည်း ငါ့လိုidolတစ်ယောက်နဲ့ Silent တွဲနေရတော့ စိတ်ပူစရာတွေရှိမှာဘဲလေ...ဒါကြောင့်မို့လို့ လိုက် stalkနေတာလည်းဖြစ်နိုင်ပါတယ်

What's wrong with My Exes Tahanan ng mga kuwento. Tumuklas ngayon