#zawgyi
"ပြန်ပြောပါအုံး Roseanne တို့ မကြားလိုက်လို့ "
"ဟာ Jisooကလည်း ကြားရဲ့သားနဲ့ "
Jisoo မှာ ရှက်နေတဲ့ Roseanneရဲ့ ပခုံးကို ကိုင်လိုက်ပြီး သဘောကျစွာ ရယ်လိုက်သည်
"တို့ နောက်တစ်ခေါက် ကြားချင်လို့ပါ Roseanne ရဲ့ ထပ်ပြောပေးလေ နော် "
"Chawလည်း Jisooကို သဘောကျတယ် ဒါမို့လို့ Jisoo ချစ်ခွင့်ပန်ထားတာကို လက်ခံပါတယ်လို့ "
"ဝမ်းသာလိုက်တာ Roseanneရယ်.....တို့ကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်.... "
"Chaw ခက်ခဲနေချိန်မှာ ဘေးနားမှာ ရှိနေပေးလို့ Chawကသာ ကျေးဇူးတင်ရမှာပါ "
"မဟုတ်တာ ဒဏ်ရာတွေကြားက တို့ကို စဉ်းစားပေးလို့ဘဲ တို့ကကျေးဇူးတင်နေတာရယ် "
Roseanneရဲ့ လက်ကို Jisoo ကိုင်ပြီး ပြောလိုက်သည်
"တို့ကိုရွေးချယ်ပေးတဲ့အတွက် Roseanneကို စိတ်ချမ်းသာအောင် အမြဲထားပါမယ်လို့ ကတိပေးပါတယ် "
Roseanne နဲ့ Jisooတို့မှာ Entertainment က ရုံးခန်းထဲ သာယာနေချိန် တစ်ဖက်မှာတော့
"မဟုတ်သေးဘူး ဒီ projectက ဟုတ်ကိုမဟုတ်တာ ဘယ်သူ့အိုင်ဒီယာလည်း "
Jennieမှာ တင်ပြချက်စာရွက်တွေကို ဒေါသတကြီးပြောကာ လွှင့်ပစ်လိုက်သည်
"ဟို..."
"သောက်သုံးမကျချက်က ဒါကြောင့်မို့ ရှယ်ယာတွေ ထိုးကျပြီး Daddyက ဆေးရုံရောက်သွားရတာ ဘယ်လိုဝန်ထမ်းတွေ ခန့်ထားတယ်မသိဘူး တောက် "
Jennieမှာ နယူးဇီလန်က သူမအဖေ companyတွင် သွေးတက်ကာမေ့လဲသွားပြီး ဆေးရုံတင်ထားရတယ် သတင်းကြောင့် နယူးဇီလန်သို့ ရောက်နေခြင်းဖြစ်သည်
သူမမှ ဝင်မလုပ်ရင် CEO မရှိတဲ့ Companyက ဗရမ်းဗတာတွေ ဖြစ်နေမှာဆိုးလို့ နယူးဇီလန်တွင် ဆက်နေနေခြင်း ဖြစ်သည်
"အကုန်အလုပ်ထုတ်ပစ် "
"ဟို...."
"ငါပြောနေတာမကြားဘူးလား ကလေးကစားစရာထင်နေတာလား projectကို..."
"မ မဟုတ်ရပါဘူး "
Companyရဲ့ မန်နေဂျာမှာ ဒေါသထွက်နေတဲ့ Jennieကြောင့် ကြောက်လန့်နေသည်