Part 15

734 119 21
                                    

#unicode

Roseanneနဲ့ Jisoo ချစ်သူဖြစ်တာ တစ်နှစ်နီးပါးရှိချေပြီ

သမီးရည်းစားဖြစ်ခါစမှာတော့ နှစ်ယောက်လုံးအချစ်ပိုကြပေမယ့် နောက်ပိုင်းမှာတော့ Jisooရော Roseanneရော အလုပ်ကိစ္စတွေကြောင့် တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်တော့ပေ

"Sorry နော် Roseanne ဒီအဖွဲ့ US debutမှာ တို့ လိုက်သွားပေးရမှာမို့လို့ ဒီလ monthsary မှာ အတူရှိမပေးနိုင်တော့ဘူး "

"ရပါတယ်..... Chawလည်း Goeun Unnieနဲ့ ချိန်းထားတာလေးရှိလို့... "

Roseanneရဲ့ စကားကြောင့် Jisoo မျက်မှောင်ကြုတ်သွားတယ်

"Roseanne အခုတလော သူနဲ့ ခဏခဏ တွေ့နေတယ်နော် "

Jisooရဲ့ စကားကြောင့် Roseanne ကိတ်မုန့်စားရင်း ခေါင်းညိတ်ပြသည်

"ဘာလို့ အရမ်းရင်းနှီးသွားတာလည်း....ဘယ်အချိန်မှာစသိကြတာလည်း..."

"ရော် Jisoo ကလည်း...သူနဲ့ Chaw က Running man ရိုက်ရင်း ရင်းနှီးသွားတာလေ "

"အော် အဲ့လိုလား နယ်ပယ်မတူတဲ့ မင်းသမီးနဲ့ အဆိုတော်က ဘာလို့အရမ်း ရင်းနှီးနေလည်းတွေးနေတာ ဒါကြောင့်ကိုး "

"Jisooကို Running Manက ပြန်ရောက်ရောက်ချင်း သူ့အကြောင်းပြောပြဖူးတယ်လေ "

"Sorry တို့အလုပ်များနေတော့ သိပ်မမှတ်မိတော့ဘူး "

"Aww. .."

"ဒါပေမယ့် သူနဲ့သိပ်မတွေ့နဲ့ တို့သိပ်သဘောမကျဘူး "

"အယ် Jisooကလည်း သူနဲ့ chawက သူငယ်ချင်း မိတ်ဆွေတွေလေ ပြီးတော့ မိန်းကလေးအချင်းချင်းကို သူက စိတ်မဝင်စားလောက်ပါဘူး "

"ဘာနေနေကွာ တို့ စိတ်မချဘူး သိပ်မတွေ့နဲ့ ဒါဘဲပြောမယ်...."

Jisooမှာ သူမပြောချင်တာပြောပြီး စားပွဲခုံပေါ်က ကားသော့ကို ကောက်ယူကာ Roseanne အိမ်ထဲက ထွက်လာသည်

Roseanneကတော့ သက်ပြင်းချရင်း ကျန်ခဲ့သည်

"Roseanne.....အဝတ်အစားက ဘယ်လိုဖြစ်နေတာလည်း...."

"ဟင် ဂျင်းဘောင်းဘီနဲ့...."

"ခါးတိုတွေ မဝတ်နဲ့ သွားလဲ...."

What's wrong with My Exes Tempat cerita menjadi hidup. Temukan sekarang