Part 3

1.1K 139 4
                                    

#unicode

Jennie တစ်ယောက် အပြင်ကနေ အိမ်ကို ပြန်လာပြီး ဘီယာဘူးကိုဖောက်ကာ ဆိုဖာပေါ်တွင် ထိုင်သောက်လိုက်သည်

"ဟူး ဘီယာအေးအေးလေးက ရင်ကို အေးသွားတာဘဲ ...."

Jennie ဘီယာသောက်ပြီး ဖုန်းကိုထုတ်ကာ အင်တာနက် ဖွင့်လိုက်တော့ ဝင်လာတဲ့ Noti လေးကြောင့် ပြုံးလိုက်မိသည်

Roseanne update her Instagram story

Jennie မှာ Roseanne ရဲ့ Instagram storyထဲ ဝင်ကြည့်တော့ သူမချက်ပေးထားတဲ့ ဟင်းရည်ပုံလေးရယ် ဟင်းရည်သောက်နေတဲ့ ပုံလေးတွေ တင်ပေးထားတာတွေ့တော့ Jennieမှာ ပါးဖောင်းဖောင်းလေး မို့တက်သွားတဲ့အထိ ရယ်လိုက်သည်

"Aigoo ချစ်စရာကောင်းလိုက်တာ "

Jennie ရေရွတ်ရင်း Roseanneရဲ့ ပုံလေးတွေကို Saveလိုက်မိသည်

ထို့နောက် Roseanneရဲ့ Instagram storyကို Jennie reply လုပ်လိုက်သည်

"စားကောင်းရဲ့လား Roseanne "

Roseanne ကော်ဖီတစ်ခွက်ကိုင်ပြီး  ခဲတံကို နားပေါ်တင်ကာ ပြတင်းပေါက်ကို ငေးကြည့်ရင်း သီချင်းရေးဖို့ စဥ်းစားနေစဥ် noti အသစ်ဝင်လာလို့ ကြည့်လိုက်တော့ Jennieဆီက ဖြစ်နေသည်

Roseanneလည်း ဖုန်းကို ယူပြီး Jennieရဲ့ စာကို reply ပြန်လုပ်လိုက်သည်

"ဟုတ် တော်တော်လေး စားကောင်းပါတယ် Jennie ....ကျေးဇူးတင်ပါတယ် အမူးလည်း ပြေသွားပြီရယ် "

"စားကောင်းတယ်ဆိုလို့ ကျေနပ်ပါတယ် "

"Nae ...."

Emojiလေးတွေပါ ထည့်ပြီး စာပြန်နေတဲ့ Roseanne ပို့တဲ့စာလေးတွေ ဖတ်ပြီး Jennie တစ်ယောက် တော်တော်လေး အသည်းယားနေသည်

"Step by step ပေါ့ ချစ်သူရေ မကြာခင် မင်းကို သိမ်းပိုက်ရယူတော့မှာမို့ အသင့်ပြင်ထားပါ "

Jennie ပြောပြီး သူမဖုန်း wallpaper က Roseanneရဲ့ ပုံလေးကို နမ်းလိုက်သည်

Roseanne ဂစ်တာလေးတီးပြီး ရေးထားတဲ့ သီချင်းကို ဆိုညည်းကြည့်ရင်း Jennie အကြောင်း တွေးမိသွားသည်

"ဓာတ်ပုံထဲကထက် အပြင်မှာ ပိုချစ်ဖို့ကောင်းတာဘဲ ...."

Roseanne တစ်ယောက် သူ့အောက်အမြဲ commentမန့်ပြီး အားပေးစကားပြောလေ့ရှိတဲ့ Jennie ရဲ့ Account ထဲ ဝင်ပြီး စပ်စုကြည့်ဖူးတယ်လေ

What's wrong with My Exes Dove le storie prendono vita. Scoprilo ora