Chapter 13

837 137 55
                                    

(Zawgyi)

ကားမောင်းနေရင်းနဲ့ Jungkook နောက်ကြည့်မှန်ကနေတဆင့် နောက်ခုံကိုလှမ်းကြည့်လိုက်တယ်...။ မနက်ခင်းရဲ့အလင်းဖျဖျအောက်မှာ အသက်မဲ့နေတဲ့ အရုပ်လေးတစ်ရုပ်လိုဖြစ်နေတဲ့ Yoongi ရဲ့ပုံစံလေးက သူ့ရဲ့ရင်ကို နာကျင်စေတယ်...။

ပြတင်းပေါက်ကို ငေးနေပေမဲ့လည်း သူ့မျက်လုံးတွေက အသက်မပါသလိုပင်...။ ပေါင်ပေါ်မှာခေါင်းအုံးပြီး အိပ်ပျော်နေတဲ့သမီးငယ်လေးကို ပွေ့ဖက်ထားရင်းနဲ့ အတွေးတွေပျံ့လွင့်နေပုံပါ...။ သူ့အနေနဲ့ ခုလိုမျိုး Jungkook ခေါ်ဆောင်ရာကိုလိုက်ခဲ့ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရဟန်ပင်...။

Jungkook လည်း သက်ပြင်းကိုသာချရင်း ကားလေးကို အရှိန်ထပ်မြှင့်လိုက်တယ်...။ မိုးမလင်းခင်ကတည်းက ထွက်လာခဲ့ကြတာမို့ သူတို့အားလုံး မနက်စာမစားရသေးပေ...။ လူကြီးတွေက ပြဿနာမရှိပေမဲ့ သမီးလေးကတော့ ဆာနေမှာပေါ့...။

ဒီကလေးငယ်ဟာ ကိုယ့်ရဲ့သမီးလေးဆိုတဲ့အသိကလည်း Jungkook ရဲ့ရင်ကို နွေးထွေးစေတယ်...။ တကယ်လို့ အချိန်တွေကိုနောက်ပြန်လှည့်လို့ရရင် Yoongi အပေါ်သစ္စာဖောက်မဲ့အလုပ်မျိုး Jungkook လုပ်ဖြစ်မှာမဟုတ်တော့ပေ...။ ခုတော့လည်း နောင်တတွေနဲ့သာ နာကျင်မွန်းကြပ်လို့နေလေပြီ...။

ကားလေးကို ယာဉ်ရပ်နားစခန်းတစ်ခုမှာ မနက်စာစားဖို့အတွက် ခဏရပ်လိုက်တယ်...။ ဒယ်ဂူကိုရောက်ဖို့ အချိန်နည်းနည်းထပ်လိုသေးတယ်...။ သူတို့သားအဖကို ထားခဲ့ပြီးတာနဲ့ Jungkook ချက်ချင်းပဲ ဆိုးလ်ကိုပြန်လာရမှာ...။ ဒါမှ Omma သံသယမဝင်မှာလေ...။

"Yoongi... မနက်စာစားဖို့ ခဏဆင်းရအောင်"

ကားရပ်လိုက်တာကိုတောင် သတိမပြုမိတဲ့ Yoongi ကို ကားနောက်ခန်းတံခါးကိုဆွဲဖွင့်ပေးရင်းနဲ့ Jungkook အသိပေးလိုက်တယ်...။ ထိုအခါမှ ဖြည်းညှင်းစွာခေါင်းညိတ်ပြရင်း အိပ်ပျော်နေတဲ့သမီးလေးကို ချီဖို့လုပ်ပြန်တယ်...။

"ပေး... ကလေးကို ငါချီခဲ့မယ်"

Jungkook လှမ်းချီဖို့လည်းလုပ်ရော Yoongi က မထင်မှတ်ထားတဲ့အပြုအမူတစ်ခုကို လုပ်လိုက်တယ်...။ အဲဒါကတော့ အိပ်ပျော်နေတဲ့သမီးလေးကို ဆတ်ခနဲပွေ့ယူကာ သူ့ရင်ခွင်ထဲသို့ အလျင်အမြန်ထည့်ဖွက်လိုက်ခြင်းပင်...။

First Love (Completed)Where stories live. Discover now