Chapter 22

609 86 40
                                    

(Unicode)

လူနာ Min Yoongi နဲ့ရိုးတွင်းခြင်ဆီ ကိုက်ညီမှုမရှိပါဆိုတဲ့ စာရွက်လေးကိုကိုင်ထားရင်း Jungkook ငိုင်နေခဲ့တယ်...။ သူ့ဘေးမှာလည်း သူ့နည်းတူငြိမ်သက်စွာထိုင်နေကြတဲ့ လူ၂ယောက်လည်း ရှိနေသေးတယ်...။

"ဟင်း... ဘယ်တတ်နိုင်မလဲ... ဒါမျိုးက တူညီမှုရှိဖို့လွယ်မှမလွယ်တာ... တခြားအလှူရှင်တွေလည်း ရှိလာမှာပါ... ငါတို့လက်လျှော့လို့မဖြစ်ဘူး"

သူတို့ထဲမှအကြီးဆုံးဖြစ်တဲ့ Jin က ပြောလာတာကြောင့် သူတို့လည်း ဖြေးညှင်းစွာပင် ခေါင်းညိတ်ပြလိုက်ကြတယ်...။ အချိန်သိပ်မကျန်တော့ပေမဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေကို လက်လျှော့လို့မဖြစ်ဘူးလေ...။ အလှူရှင်မတွေ့သေးခင်မှာလည်း Yoongi ရဲ့အသက်ကိုဆွဲဆန့်ဖို့အတွက် Jungkook အတတ်နိုင်ဆုံးကြိုးစားဖို့ ဆုံးဖြတ်ထားပြီးဖြစ်နေလေသည်...။

"Jungkook ahh မင်းဒီနေ့အိမ်ပြန်လိုက်ပါလား... မပြန်တာ၃ရက်ရှိပြီမလား... Jiji လေးလည်း မျှော်နေလိမ့်မယ်... Yoongi ကို ငါစောင့်ပေးလိုက်မယ်"

ဒီရက်ပိုင်း Jungkook တစ်ယောက် Yoongi ကို စိတ်မချတာကြောင့် အိမ်မပြန်နိုင်ဘဲ အလုပ်ကိုလည်း ဆေးရုံကနေပဲသွားပြီး အလုပ်ဆင်းတာနဲ့ ဆေးရုံကိုပဲပြန်လာဖြစ်တယ်...။ ဒါကြောင့် Jimin က မကြည့်ရက်စွာပြောလာခြင်းပင်...။

"ရပါတယ် Jimin ရယ်... သူအားငယ်သွားမှာစိုးလို့ ငါသူ့ဘေးမှာရှိနေပေးမှဖြစ်မယ်... သမီးလေးက လိမ္မာပါတယ်... သူနားလည်မှာပါ"

"ဒါပေမဲ့ အိမ်တော့ခဏပြန်သင့်တယ်ထင်တယ်"

Jimin ဆက်မပြောတော့ပေမဲ့ သူဘာကိုဆိုလိုတာမှန်း Jungkook သဘောပေါက်လိုက်တယ်...။ အဝတ်အစားအပိုသိပ်မပါတဲ့ Jungkook ဟာ နည်းနည်းဖိုသီဖတ်သီဖြစ်နေတယ်လေ...။ အရင်က နဖူးထက်မှာ သေသေသပ်သပ်လှန်သိမ်းထားတဲ့ ဆံပင်တွေကလည်း ခုတော့ဖရိုဖရဲနဲ့ပင်...။

"အင်းပါ... ခဏလောက်တော့ပြန်လိုက်မယ်... Yoongi ကိုအဖော်ပြုပေးလိုက်ပါဦးနော်... အရမ်းမိုးမချုပ်ခင် ပြန်လာခဲ့ပါ့မယ်"

"ဒီညတော့ပြန်မလာနဲ့တော့လေ... သမီးလေးရဲ့အနားမှာပဲ နေပေးလိုက်ပါ... ငါနဲ့ Hyung အတူတူစောင့်ပေးလိုက်မယ်"

First Love (Completed)Where stories live. Discover now