(Unicode)
" Morning ပါ အကို...."
" Morning ပါညီလေးတို့...."
Yoongi ဆိုင်ရောက်ချိန်မှာ သူ့ဝန်ထမ်းကောင်လေးတွေကအရင်ရောက်နှင့်ပြီး ဆိုင်တောင် ဖွင့်ပြီးနေပြီဖြစ်တယ်....။ ကိုယ်ဝန် ၇လထဲရောက်နေပြီဖြစ်ပေမယ့် Yoongi ဆိုင်ကိုနေ့တိုင်းလာဖြစ်တယ်...။
အရင်လို မနက်စောစောလာပြီး ဆိုင်ဖွင့်ဖို့ကတော့ မလုပ်နိုင်တော့တာကြောင့် ကောင်လေးနှစ်ယောက်ကို တာဝန်လွှဲထားပေးလိုက်တယ်...။ ကိုယ်ဝန်လရင့်နေပြီဖြစ်တာကြောင့် Jungkook ကအိမ်မှာ အေးအေးဆေးဆေးနေစေချင်ပေမယ့်လည်း အိမ်မှာတစ်ယောက်တည်းနေရတာပျင်းတာကြောင့် ဆိုင်ကိုပဲလာဖြစ်တယ်....။
အခု Yoongi ရဲ့အလုပ်က ကောင်တာမှာထိုင်ပြီး အမှာကိုလက်ခံပေးရုံပဲလေ....။ ဒါကြောင့်လည်း Jungkook ကဆိုင်လာဖို့ခွင့်ပြုထားလေတယ်...။ ကိုယ်ဝန်လာရင့်လာတာနဲ့အမျှ ထိုင်ရထရလည်း လေးလံခက်ခဲလာခဲ့တယ်...။
သူ့ဗိုက်စပြီး သိသာချိန်တုန်းကဆိုရင် ဆိုင်ကကောင်လေးတွေရော ဝယ်သူတွေရောက အံ့ဩနေခဲ့ကြတယ်....။ ယောက်ျားလေးကိုယ်ဝန်ဆောင်က ရှားပါးလွန်းတာကြောင့် လူတိုင်းရဲ့စိတ်ဝင်တစားကြည့်တာကိုပါ ခံခဲ့ရတယ်....။
Yoongi ကတော့ Jungkook အတွက်ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ထပ်မွေးပေးနိုင်တော့မှာမို့လို့ ပျော်နေခဲ့မိတယ်....။ ဗိုက်ထဲက ကလေးလေးက သားလေးဆိုတာသိတဲ့နေ့က Jungkook က ထခုန်ပြီးတော့ကို ပျော်နေခဲ့တာလေ....။ သမီးလေးဆိုလည်း မောင်လေးရတော့မယ်ဆိုပြီး ညတိုင်း ဗိုက်ကိုကိုင်ကာ စကားတွေပြောနေတတ်တာလေ....။
ပျော်စရာကောင်းတဲ့မိသားစုလေးမှာ နောက်ထပ်ဆည်းလည်းလေးရောက်လာဦးမယ်ဆိုတော့ အပျော်တွေပိုတိုးဖို့သာရှိတော့လေတယ်....။
" အကို Ice Americano ၂ ခွက် Cappuccino ၃ ခွက်နဲ့ chocolate ကိတ်နဲ့ cheese ကိတ်လည်းယူမယ်နော်....."
ကောင်တာမှာ လာမှာတဲ့ဝယ်သူကြောင့် Yoongi အတွေးတွေရပ်တန့်သွားခဲ့ရတယ်....။
" ညီမ ပြောတာ ဒီဆိုင်လေ မမ...."
Jina ပြတဲ့ဆိုင်ကို Yura လှမ်းကြည့်လိုက်မိတယ်....။ အပြင်ပိုင်းအပြင်အဆင်လေးကအရ ရိုးရိုးရှင်းရှင်းနဲ့ချစ်စရာကောင်းတဲ့ဆိုင်လေးကြောင့် Yura သဘောကျမိသွားတယ်....။
YOU ARE READING
First Love (Completed)
FanfictionOur first love is our ignorance, That it can never end. Jeon Jungkook x Min Yoongi Written by : JaejoongHtike (Both Zawgyi & Unicode)