Chapter 3

1K 149 3
                                    

(Zawgyi)

ပုံမှန်လည်ပတ်နေတဲ့ကုမ္ပဏီမို့ Jungkook အတွက် အလုပ်လုပ်ရတာက သိပ်အခက်အခဲတော့မရှိပါ...။ CEO ရာထူးကို Appa ဆီကနေ လွှဲပြောင်းယူကာစအချိန်တွေမှာတော့ စိတ်ဖိဆီးမှုတွေကြောင့် အဆင်မပြေဖြစ်ခဲ့ပေမယ့် အခုတော့လည်း အားလုံးအဆင်ပြေပြေပါပဲ..။

"ဒီနေ့ အရေးတကြီးလုပ်ရမယ့်ကိစ္စရှိလား...??"

"မရှိပါဘူး CEO... ပြင်သစ်ကုမ္မဏီနဲ့စာချုပ်ချုပ်ဆိုဖို့ ချိန်းထားတာက သဘက်ခါမှပါ"

"သူတို့အတွက်နေရာထိုင်ခင်းရော စီစဉ်ပြီးပြီလား...??"

"ဟုတ်ကဲ့... ဟိုတယ် booking လုပ်ထားပြီးပါပြီ"

အတွင်းရေးမှူးဖြစ်သူရဲ့ အကွက်စေ့စေ့စီစဉ်ပေးမှုတွေကြောင့် Jungkook တော်တော်လေးအသက်ရှူချောင်ပါတယ်...။ Appa လက်ထက်မှာကတည်းက အလုပ်လုပ်လာတဲ့သူမို့ ယုံကြည်စိတ်ချရပြန်တယ်...။

တကယ်ဆို Jungkook သူ့ကိုယ်သူ ကုမ္ပဏီပိုင်ရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ တွေးမထားခဲ့မိတာအမှန်ပင်...။ အချစ်ဦးဖြစ်တဲ့ Yoongi က အနုပညာကိုဝါသနာပါသူမို့ သူနဲ့အတူတူလိုက်လုပ်ရင်း ကိုယ့်ကိုကိုယ်လည်း အဆိုတော်တစ်ယောက်သာ ဖြစ်လာမယ်လို့စိတ်ကူးယဉ်ခဲ့ဖူးတယ်...။ ခုတော့ အားလုံးပြီးဆုံးသွားခဲ့ပါပြီ...။ Yoongi သည်လည်း ကိုယ့်ဘေးမှာမရှိတော့သလို စိတ်ကူးယဉ်အိပ်မက်တွေလည်း အကုန်ပြိုလဲပျက်စီးလို့သွားခဲ့ပြီလေ...။

တစ်ခါတစ်လေတော့လည်း တက်သစ်စအဆိုတော်တွေထဲမှာ Min Yoongi ဆိုတဲ့နာမည်လေးများ ပါလေမလားရယ်လို့ ရှာဖွေမိသေးတယ်...။ သူသိသလောက်ကတော့ ရည်မှန်းချက်ကြီးမားတဲ့ Yoongi ဟာ သူ့အိပ်မက်တွေကို ဘာအကြောင်းနဲ့မှ လက်လွှတ်မှာမဟုတ်...။ ကိုယ့်ထက်စာရင်ခေါင်းမာသူမို့ မိ ဘတွေဘယ်လောက်တားတား သူ့အနုပညာအလုပ်ကိုပဲ ရွေးချယ်ဖြစ်မှာ အသေအချာပါ...။

"တစ်ခေါက်လောက်တော့ ထပ်တွေ့ချင်သေးတယ်"

မချင့်မရဲနဲ့ရေရွတ်ရင်း သော့ခတ်ထားတဲ့အံဆွဲထဲမှာ သေသေချာချာသိမ်းထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို ထုတ်ယူလိုက်မိတယ်...။ ဒါလေးက သူနဲ့ကိုယ်ကြားက အမှတ်ရစရာဖြစ်ရပ်တွေကို ပြန်ပြောင်းအမှတ်ရစေဖို့အတွက်ပါ...။ တကယ်ဆို သူနဲ့ကိုယ်က ဘာမှမသက်ဆိုင်တော့ပြီမို့ ဒီစာအုပ်လေးကို ဖျောက်ဖျက်သင့်ပြီဆိုပေမယ့် မလုပ်ရက်ခဲ့...။

First Love (Completed)Dove le storie prendono vita. Scoprilo ora