Chapter 5

1K 147 36
                                    

(Zawgyi)

"မူကြိုမှာ သူငယ်ချင်းတွေရနေပြီလား သမီးလေး"

သမီးငယ်လေးရဲ့ဆံပင်ရှည်လေးတွေကို ဖြီးပေးနေရင်း Yoongi မေးလိုက်တယ်...။ အရွယ်နဲ့မလိုက်အောင် လိမ္မာသိတတ်လွန်းတဲ့ သမီးငယ်လေးကို ပိုင်ဆိုင်ထားရတာက Yoongi ရဲ့ကံကောင်းမှုတစ်ခုပင်...။

"သူငယ်ချင်းတွေတော့ရပါတယ်.. ဒါပေမဲ့ သူတို့နဲ့ဆော့ရတာ Jiji မပျော်ဘူး Appa.. သူတို့က တအားကြွားတယ်"

နှုတ်ခမ်းသေးသေးလေးကိုချွန်ကာ မပီကလာနဲ့ပြန်ပြောလာတဲ့ သမီးငယ်လေးကြောင့် Yoongi လှစ်ခနဲပြုံးမိတယ်...။ ပြီးတော့မှ ဘေးမှာအသင့်ချထားတဲ့ အရုပ်လေးတွေပါတဲ့ ခေါင်းစီးကွင်းလေးကိုယူကာ သမီးငယ်လေးရဲ့ နှစ်ဖက်ခွဲထားတဲ့ဆံပင်လေးမှာ စည်းနှောင်ပေးရင်းထပ်မေးလိုက်မိတယ်...။

"သူတို့ကဘာတွေကြွားလို့လဲ Jiji လေးရဲ့...
Appa ကိုပြောပါဦး... Appa က Jiji လေးအတွက်လည်း ဝယ်ပေးမှာပေါ့"

"ဟင့်အင်း... Appa ဝယ်ပေးနိုင်မှာမဟုတ်ပါဘူး"

သူမလေးရဲ့စကားကြောင့် Yoongi မျက်ခုံးတို့ကို ပင့်တင်မိတယ်...။ ဒီအရွယ်ကလေးလေးတွေက ဘယ်လောက်တောင်မှ ကြွားဝါနိုင်မှာမို့လို့လဲ...။ ပြောမယ့်သာပြောတာ Jiji လေးကလည်း တချို့ကလေးတွေလို လိုချင်တာကိုမရမက ပူဆာတတ်သူမဟုတ်တော့ ကိုယ်ကပဲအလိုက်တသိဝယ်ပေးရတယ်...။

"အဲဒါကဘာမို့လို့လဲ... Appa ဝယ်မပေးနိုင်တာ ဘာမှမရှိပါဘူး သမီးငယ်လေးရဲ့... Appa ကိုမယုံလို့လား...??"

ကျန်ရှိနေသေးတဲ့ဆံပင်တစ်ဖက်ကိုပါ စည်းနှောင်ပေးလိုက်ပြီးမှ သမီးလေးကိုပေါင်ပေါ်ပွေ့တင်ကာ Yoongi ထပ်မေးမိတယ်...။ ထိုအခါသူမလေးက သက်ပြင်းလေးတောင် ချလိုက်သေးရဲ့...။

"Appa ကိုယုံပါတယ်... ဒါပေမဲ့ မပူဆာချင်လို့ပါ... ပြီးတော့အဲဒီ့တစ်ခုက Appa ဖြည့်စည်းပေးဖို့ခက်ခဲမှာကို Jiji သိနေလို့"

"Appa ကိုပြောပြပါကွာ.. ဒါမှဖြည့်စည်းပေးလို့ဖြစ်မဖြစ် သိရမှာလေ"

Yoongi သူသိချင်တဲ့အရာအတွက် သမီးလေးကိုချော့မော့ကာ မေးမြန်းမိတယ်...။ ထိုအခါမှ သမီးငယ်လေးက သူ့မျက်နှာကို လက်သေးသေးလေးနဲ့လာထိတွေ့ရင်း ပြန်ဖြေလာတယ်...။

First Love (Completed)Where stories live. Discover now