(Zawgyi)
အခန်းတံခါးခေါက်သံကြောင့် ရုပ်ရှင်ဇာတ်ကားတစ်ကားကို အတူတူကြည့်နေကြတဲ့ Yoongi နဲ့ Jimin ခေါင်းထောင်ကြည့်မိတယ်...။ သူတို့ရှိနေတဲ့ ဆိုင်အပေါ်ထပ်ကအခန်းလေးဆီကို လာတတ်တဲ့သူက Jin ကလွဲပြီး တခြားသူမရှိပေ...။
မရှေးမနှောင်းမှာပင် အခန်းတံခါးပွင့်သွားပြီး တံခါးဝမှာရပ်နေတဲ့ Jin ရဲ့မျက်နှာချောချောကို မြင်လိုက်ရတဲ့အခါ သူတို့နှစ်ယောက်လုံး ပြုံးပြလိုက်မိကြတယ်...။ အထဲကိုဝင်လာတဲ့ Jin ရဲ့နောက်မှာ ပါလာတဲ့သူကိုမြင်လိုက်ရတော့ Yoongi ရဲ့မျက်လုံးလေးတွေ ဝိုင်းစက်လို့သွားခဲ့တယ်...။
"Jung.... Jungkook....??"
သူ့ကိုငေးစိုက်ကြည့်လာတဲ့ Jungkook ရဲ့မျက်ဝန်းတွေထဲမှာ သနားဂရုဏာသက်ခြင်း လွမ်းဆွတ်တမ်းတခြင်းစတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတဲ့အခါ Yoongi ရင်ထဲထိတ်ခနဲပင်...။ မဟုတ်မှလွဲရော... သူသိသွားခဲ့ပြီလား...??
"Jiminnie... ကိုယ်နဲ့အတူ ဆိုင်ထဲသွားကြရအောင်"
Jin လှမ်းခေါ်လိုက်တော့ Jimin လည်း အူကြောင်ကြောင်လေးနဲ့ပင် ခေါင်းညိတ်ပြလာကာ Jin နဲ့အတူတူ အောက်ထပ်ကိုပြန်ဆင်းလာလိုက်တယ်...။ လှေကားတစ်ဝက်လောက်ရောက်တော့မှ Jimin လည်း သူသိလိုရာကို မေးလိုက်တော့တယ်...။
"Hyung... သူကဘယ်သူလဲဟင်...??"
"Jiji လေးရဲ့အဖေရင်းလေ... Yoongi ရဲ့ငယ်ချစ်ဦးဆိုပါတော့"
ထိုအခါမှ Jimin နားလည်သွားသလို ခေါင်းလေးတဆတ်ဆတ်ညိတ်တယ်...။ စိတ်ထဲမှာလည်း ဟိုတွေးဒီတွေးနဲ့ပေါ့...။ ခုလိုခေါ်လာပုံထောက်ရင် Hyung ဆီမှာ အစီအစဉ်တစ်ခုတော့ ရှိရမယ်ဆိုတာ Jimin ခန့်မှန်းမိလိုက်ပါတယ်...။ ဘာပဲဖြစ်ဖြစ် Yoongi အတွက် အဆင်ပြေဖို့တော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ Jimin ဆုတောင်းနေမိတယ်...။
"ဒီကိုဘာလာလုပ်တာလဲ Jungkook...??"
တည်ငြိမ်နေသယောင်ဟန်ဆောင်နေတဲ့ ကြောင်ဖြူလေးရဲ့ရင်ထဲမှာ အကြောက်တရားတွေ ဘယ်လောက်တောင်စိုးမိုးနေမလဲဆိုတာ Jungkook တွေးတောင်မတွေးရဲခဲ့...။ ပြောစရာစကားတွေကလည်း များလွန်းတာကြောင့် ဘယ်ကနေစပြောရမှန်း မသိလောက်အောင် နှုတ်ဖျားမှဆွံ့အနေခဲ့တယ်...။ သူထိုင်နေတဲ့ရှေ့နားမှာ ဒူးထောက်ထိုင်ချလိုက်ရင်း သူ့လက်လေးတွေကိုဆုပ်ကိုင်လိုက်တော့ အသက်မပါတဲ့မျက်ဝန်းတွေနဲ့ ပြန်ကြည့်လာလေရဲ့....။
YOU ARE READING
First Love (Completed)
FanfictionOur first love is our ignorance, That it can never end. Jeon Jungkook x Min Yoongi Written by : JaejoongHtike (Both Zawgyi & Unicode)