Unicode&Zawgyi
(Unicode)
"စေစား စိတ်အေးအေးထား... မန်မန် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး.... "
မိုးမခဝေ စေစားရာ စိတ်ငြိမ်စေရန်
ပြောသာ ပြောလိုက်ရသော်လည်း သူ့စိတ်ထဲမှာလည်း တောမင်းတမန် ကို စိတ်ပူမိသည်။"အစ်မ မိုး...."
စေစားရာ မျက်နှာမှာ စိုးရိမ်စိတ်တို့ ပြည့်နှက်နေသည်။
"စေစား မင်း ခွန်းရည်ချို ..ကို တွေ့လိုက်တယ်မလား..."
"အင်း...တွေ့လိုက်တယ်...."
"မင်း တစ်ခုခု မြင်ခဲ့တာ ရှိလား အစ်မကို ပြောပြနိုင်မလား...."
"ရှိတယ် အရင်ဆုံး ကိုကို့ကို လိုက်ရှာရအောင်.... ကျွန်တော် အစ်မမိုး ကို လမ်းမှာပြောပြမယ်..."
"ကောင်းပြီ....အရင်ဆုံး မန်မန် ကို လိုက်ရှာရအောင်..စေစား မင်းနဲ့အစ်မ အတူ သွားမယ် ....ထွန်းမင်း မင်းက ခန်းမရဲ့ အနောက်ဘက်ခြမ်းကို သွားရှာလိုက်...."
ထွန်းမင်းအောင် ခေါင်းညိမ့်ပြလိုက်ပြီး
မိုးမခဝေ ပြောသည့်ဘက်သို့ ထွက်သွားသည်။မိုးမခဝေ သူ့လူအချို့အား တောမင်းတမန် ကို ရှာရန် တိတ်တဆိတ် ခိုင်းလိုက်သည်။
မိုးမခဝေ ဆူဆူညံညံ မလုပ်ရဲပေ....။
မတော်တဆ တစ်ခုခု မှားယွင်းသွားလျှင်
ခွန်းရည်ချို ၏ လှည့်ကွက်ထဲ ရောက်သွားနိုင်သည်။
ထို့အတွက် ကြောင့် သူတို့ အားလုံး တိုးတိုးတိတ်တိတ် သာ လှုပ်ရှားရဲသည်။"စေစား အစ်မတို့ ဒီဘက်ကို သွားရအောင်....
ပြီးတော့ ခုန မင်းမြင်ခဲ့တာ ပြောပြ....""ခုန ကျွန်တော် သူ့ကို တွေ့လို့ နောက်ကနေ လိုက်သွားကြည့်တာ... ဝိတ်တာတစ်ယောက်နဲ့ စကားပြောနေတာ တွေ့တယ်...ပြီးတော့ အဲ့ ဝိတ်တာကို ကျိန်းသေ သူတစ်ခုခု ခိုင်းလိုက်ပုံရတယ်....ကျွန်တော် စိုးရိမ်တာက ဆေးခတ်ထားမှာကိုပဲ....ဒါကြောင့်...."
မိုးမခဝေ စေစားရာ စကားကြောင့်
တွေးဆ ဆ ဖြစ်သွားသည်။
သိသိသာသာလည်း မျက်နှာ ပျက်ယွင်းနေသည် ။
YOU ARE READING
အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed)
FantasyUnicode & Zawgyi အချစ်ကို ဘုရား တစ်ဆူလို မကိုးကွယ်တတ်ပေမဲ့..... စေ...မင်းကတော့ ကိုယ့်ရဲ့ကိုးကွယ်ရာပါ။ .....တောမင်းတမန်... တောင်းဆိုပါတယ်... ခင်ဗျားရဲ့ မြင့်မြတ်လှတဲ့ ချစ်ခြင်းတွေကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့...