part 19

1.8K 105 3
                                    

Unicode & Zawgyi

(Unicode)

"စေ...ကိုယ့် အချစ်က မင်းအတွက် ရွံရှာစေတာလား...."

"......"

"စေအတွက် ကိုကို က မသတီစရာပေါ့..
ကိုကို့ အချစ်တွေက စျေးပေါတယ်ပေါ့ ..ဒါပေမဲ့ စေ သိလား...ကိုကို့မှာ ရှိတဲ့ အရာအားလုံးက နိမ့်ကျနေရင်တောင် စေအပေါ် ထားတဲ့ ကိုကို အချစ်တွေက စေ ထင်သလို မနိမ့်ကျပါဘူးကွာ......."

တောမင်းတမန် ခေါင်းငိုက်စိုက်ကျလျှက်
ဆိုလာသည်။ ထိုစကားတို့ကို သူ့ကိုယ်သူ ပြောနေသည်လား။စေစားရာကို ပြောနေသည်လား မသဲကွဲပေ။

စေစားရာ လှောင်ရယ်နေသည့် မျက်ဝန်းတို့ဖြင့် တောမင်းတမန် ကို စိုက်ကြည့်ရင်း...

"ခင်ဗျားရဲ့ အချစ်တွေက... ဟုတ်ပါတယ်
မနိမ့်ကျပါဘူး.....မြင့်မြတ်လွန်းအားကြီးလို့ ကျွန်တော် နဲ့ မထိုက်တန်ဘူးဗျ...ပြီးတော့...."

"မန်မန်.... "

မိုးမခဝေ ရောက်လာခြင်းပင်...။
သူအမှန်တကယ် မလာချင်ပါ...။

ထိုနှစ်ယောက်အတွက် အချိန်ပေးချင်သည်။သို့သော်လည်း မတတ်သာတဲ့ အရာတွေက ရှိနေသေးသည်။

"မိုး... ကိစ္စ ရှိလို့လား...."

"အင်း...အရေးကြီးတယ်..."

မိုးမခဝေ... တောမင်းတမန် ကို ပြန်ဖြေရင်း စေစားရာ  ကို တိတ်တဆိတ် ကြည့်နေမိသည်။

"အကောင်စုတ် ကံကောင်းလိုက်တာ...
ဒီလောက် ချောတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတယ်....မနာလိုလိုက်တာ...ငါလည်း
ကောင်လေး ချောချောလေး ရှိရင် ဘယ်လောက် ကောင်းမလဲ..."

မိုးမခဝေ  အတွေးနယ်ကျွံနေသည်။

စေစားရာ မိမိကို စိုက်ကြည့်နေသည့်
ထို အမျိုးသမီးကို သဘောမကျ...။

ထိုအမျိုးသမီးက တောမင်းတမန် နဲ့တစ်ခုခု ပတ်သက်နေသည်ဟု တွေးမိတိုင်း ထိန်းချုပ်ထားသည့် စိတ်တို့က ထိုးထွက်လာသည်။

"Hk...! ..ခင်ဗျား တို့ကို မနှောင့်ယှက်တော့ဘူး...ခွင့်ပြုပါဦး... "

စေစားရာ  ခပ်မြန်မြန်ပြောပြီး လှည့်ထွက်လိုက်သည်။

"စေ..."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Onde histórias criam vida. Descubra agora