part 20

2.1K 100 0
                                    

Unicode & Zawgyi

(Unicode)

မိုးမခဝေ မိမိရှေ့က အသိစိတ်လွတ်နေသည့်
သူငယ်ချင်း ဖြစ်သူ ကို ကြည့်ပြီး တကယ်ကို
စိတ်မသက်မသာ ခံစားနေရသည်။

"မန်မန် နင် အဆင်ပြေရဲ့လား နင့်ကို
ကြည့်ရတာ...."

"ငါ အဆင်ပြေပါတယ်...
အခု  အလုပ်ကိစ္စကိုပဲ အာရုံစိုက်ကြတာပေါ့...."

တောမင်းတမန် အတွက် မြရတနာ  ကုမ္ပဏီ၏ နှစ်ပတ်လည် ပွဲ က  အကျိုးအမြတ်များစွာ ယူဆောင်လာခဲ့သည်။
စီးပွားရေး လုပ်ငန်းရှင် အမြောက်အများနဲ့ ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့သည်။

တောမင်းတမန် ပွဲ ပြီးအောင်ထိ ဆက်မနေ....။

သူ လိုအပ်သည်တို့ကို ရယူပြီးသည်နှင့်
ထိုပွဲတွင် မိုးမခဝေ ကို ဆက်နေစေကာ
သူက ပြန်သွားခဲ့သည်။

စေစားရာ မိမိလုပ်ခဲ့သည့်အရာတို့ကို ပြန်တွေးမိတိုင်း ကိုယ့်ကိုကိုယ် အရူးတစ်ယောက်လို ခံစားရသည်။

တကယ်တမ်း ထိုသူ့ကို မိမိအနေနှင့် ပြတ်သားခဲ့ပြီဆိုပါက ထိုကဲ့သို့ကလေးဆန်မှုမျိုးကို မပြုလုပ်ခဲ့သင့်ပေ....။

စေစားရာ သူ့အိမ်သို့ ပြန်ရောက်သည်အထိ
စိတ်တို့က ထွေပြားနေသည်။

စစ်ကဲလမ်း အိမ်သို့ ပြန်ရောက်ချိန်တွင်...

စေစားရာ တံခါးဖွင့်ရန် ပြင်နေတုန်း တံခါးဘေး အမှောင်ထဲတွင် လူရိပ်မြင်လိုက်ရသောကြောင့် ထိုနေရာကို သတိထားကာ ကြည့်လိုက်သည်။

ထိုလူရိပ်က စေစားရာ ရောက်နေသည်ကို သတိထားမိသွားသည်ထင်သည်။

ထိုင်နေရာကနေ ယိုင်တိယိုင်တိုင်ဖြင့်
ထလာကာ....စေစားရာ ကို ဖက်တွယ်လာသည်။

စေစားရာ ၏တုံ့ပြန်မှုက အတွေးထက်မြန်သည်။

ရုတ်တရက် လာဖက်တွယ်သည့် ထိုလူ၏ လက်ကို လိမ်ချိုးလိုက်သည်။

စေစားရာ ၏ ထိုအပြုအမူနဲ့အတူ ဝမ်းခေါင်သံဖြင့် အော်ဟစ်လာသော နာနာကျင်ကျင် ဖြစ်နေသည့် အသံပါ ကပ်ပါလာသည်။

"အားးးး!!!"

"ခင်ဗျားပဲ....."

စေစားရာ မျက်မှောင်ကြုပ်ရင်း ဒီလူက ဒီမှာ ဘာလာလုပ်နေတာလဲဟု တွေးနေမိသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Hikayelerin yaşadığı yer. Şimdi keşfedin