Unicode&Zawgyi
(Unicode)
"အဲ့ဒီ မိန်းကလေးက ကိုကို သွားတွေ့တဲ့သူရဲ့ ကိုယ်စားလှယ် ကြာဖူးဝသုန် ..."
တောမင်းတမန် သိသည်။ ဤမျှလောက် ရှင်းပြချက်ကလေးဖြင့် မလုံလောက်မှန်း။
သူ့အနေနှင့် အခြေအနေ အသေးစိတ်အားလုံးကို ပြောပြလိုက်လျှင်တော့ ပုံမှန်အခြေအနေ ပြန်ရောက်ကောင်း ရောက်နိုင်လောက်ပါရဲ့။
"ကိုကို မနက်က စေ နဲ့အတူ မနက်စာ စားတယ်...
ပြီးတော့ အလုပ်သွားတယ်...
10:00မှာ ကိုကို ဂျက်စ်ဆီကို သွားတယ်....
ဂျက်စ်ဆိုတာက ခုနက မိန်းကလေးရဲ့
သူဌေး ..
ဂျက်စ်က ကိုကိုတို့ ကုမ္ပဏီ ရဲ့ ဒုတိယ အများဆုံး ရှယ်ယာရှင်.....
ကိုကို့အနေနှင့် ကိုကို့ရန်သူတွေကို နိုင်ဖို့ဆို
ဂျက််စ်ကို ကိုကို့ ဘက်မှာ ရှိနေစေဖို့ လိုအပ်တယ်....
ပြီးတော့ ဂျက််စ်က အရမ်းလျှို့ဝှက်တယ်....
သူဘယ်သူဆိုတာ ဘယ်သူမှ မသိဘူး...
အမြဲတမ်း သူ့ကိုယ်စားလှယ် ကြာဖူးဝသုန် ကပဲ ကိုယ်စား ဖော်ပြတာ..."တောမင်းတမန် ပြောနေရင်း ခဏရပ်လိုက်ပြီး စေစားရာ ကိုကြည့်လိုက်သည်။
စေစားရာ မှာ တောမင်းတမန် ရှင်းပြနေသည်ကို ငြင်းဆန်ခြင်းမပြုသလို ထောက်ခံခြင်းလည်း မပြုပေ....။
သူသိချင်သည့် အချက်အလက်ကို မရောက်သေးသည့်အတွက် ငြိမ်သက်စွာသာ ဆက်လက်ရှင်းပြမည့် အရာကို စောင့်ဆိုင်းနေသည်။"ဒါကြောင့်ကိုကို ဂျက်စ်ကို တွေ့ဖို့အတွက် ကိုယ်စားလှယ် ကြာဖူးဝသုန် ကနေ တစ်ဆင့် ဆက်သွယ်ပြီး ဂျက်စ်ရှိတဲ့ နေရာကို လိုက်သွားခဲ့တာ....
ကိုကို ဂျက်စ်ရှိတဲ့ နေရာကို ရောက်တော့ ကိုယ်စားလှယ် ကြာဖူးဝသုန် က ကိုကို့ကို
အရင်ဆုံး ဧည့်ခန်းထဲကို ခေါ်သွားပေးတယ်....ပြီးတော့ ကိုကိုတို့ အလုပ်နဲ့ ပတ်သက်တာ အချို့ကို ပြောနေခဲ့တယ်....ခဏကြာတော့ အဲ့ဒီက အလုပ်သမားကောင်မလေးက အအေးလာချပေးတယ်.... အဲ့ကောင်မလေးက လက်ချော်ကျပြီး ကိုကို့အက်ျီပေါ် အအေးတွေ ဖိတ်သွားခဲ့တယ်....အဲ့လို ဖြစ်သွားတော့ ကိုယ်စားလှယ် ကြာဖူးဝသုန် က အားနာပြီး ကိုကို့အက်ျီကို တစ်သျှူးနဲ့ သုတ်ပေးနေတာ....ကြည့်ရတာ တစ်ယောက်ယောက်
က ကိုကိုနဲ့ စေ ကြားမှာ
ပဋိပက္ခ ဖြစ်စေချင်လို့ အခုလို အထင်အမြင် မှားစေနိုင်တဲ့ ရှုထောင့်ကနေ တမင် ရိုက်ပြီး စေ ပို့လိုက်တာဖြစ်မယ်...."
ŞİMDİ OKUDUĞUN
အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed)
FantastikUnicode & Zawgyi အချစ်ကို ဘုရား တစ်ဆူလို မကိုးကွယ်တတ်ပေမဲ့..... စေ...မင်းကတော့ ကိုယ့်ရဲ့ကိုးကွယ်ရာပါ။ .....တောမင်းတမန်... တောင်းဆိုပါတယ်... ခင်ဗျားရဲ့ မြင့်မြတ်လှတဲ့ ချစ်ခြင်းတွေကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့...