part 51

1.3K 72 0
                                    

Unicode&Zawgyi

(Unicode)

ပြဿနာ တစ်ခု ကို ပူနွေးနေတုန်းမှာ ဖြေရှင်းသည်သာ အကောင်းဆုံးပင်.....။

အချိန်ကာလ တစ်ခုကြာသွားလျှင် သွေးအေးသွားသည်ဆိုသည်ထက် နဂိုက သေးငယ်စွာ တည်ရှိခဲ့သော အစိုင်အခဲအဖုအထစ်မှာ
ပို၍ ကြီးမားလာနိုင်သည်။

အစိုင်အခဲ တစ်ခု ကနေ  တစ်ယောက်နဲ့တစ်ယောက်ကြားတွင် ဝေးကွာစေဖို့ နံရံပါး တစ်ချပ်တောင် ဖြစ်လာနိုင်ဖွယ် ရှိသည်။

တောမင်းတမန် ထိုအချက်ကို တွေးမိ၍ သူ ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဖြေရှင်းလိုက်သည်က အကောင်းဆုံးဟု ယူဆမိသည်။

စေစားရာ  သူ့စိတ်ထဲက မကျေလည်မှုကို ပယ်ဖျက်နိုင်လိုက်သည်။
တကယ်တမ်း ယခုကိစ္စတွင် အထင်လွဲသည် ဆိုသည်ထက် သူ့စိတ်ထဲ ကြောက်ရွံ့နေခဲ့မိရုံသာ...။

စေစားရာ အနေနှင့် တကယ်
ကြောက်ရွံ့မိသည်။
ယခု သူ့တွင် ပိုင်ဆိုင်သည်မှာ ချစ်ခင်ရသည်မှာ မြတ်နိုးရသည်မှာ တောမင်းတမန်
တစ်ယောက်သာလျှင် ရှိသည်။

သူ ယခင်တစ်ခါက သေလုအောင် ခံစားရခဲ့ပြီးပြီ....။
နောက်ထပ်တစ်ကြိမ်....သူ ထိုလူ့ကို နောက်တစ်ကြိမ်ထပ်မံ ချစ်မြတ်နိုးပြီးခါမှ ထပ်မံပြီး သစ္စာဖောက်ခံရတဲ့ ခံစားချက်ကို မခံစားလိုတော့ရုံသာ...။
ထို့အတွက်ကြောင့်သာ သူ ပြင်းထန်စွာ တုံ့ပြန်မိခြင်းပင်....။

စေစားရာ  သူ့ကိုယ်သူ သိသည်။
ယခင်တစ်ခါ၏ စိတ်ဒဏ်ရာကြောင့်
တောမင်းတမန် အပေါ် အပြည့်အဝ ယုံကြည်မှု မပေးနိုင်ခဲ့မှန်း....။

နောင်အနာဂတ်တွင် တောမင်းတမန် အပေါ် အပြည့်အဝ ယုံကြည်မှု ထားနိုင်ရန် စေစားရာ  ဆုံးဖြတ်ချက်ချမိသည်။

ယခု တောမင်းတမန်  နဲ့ စေစားရာ  ကြားတွင် ကွာခြားနေသည်မှာ လေပြည်ပါးလေး တစ်လွှာသာ ရှိတော့သည်။
ထို အလွှာပါးလေးကို နှစ်ယောက်ထဲက
တစ်ယောက်က စတင် ထိုးဖောက်ဖို့သာ
လိုသည်။

"ကျွန်တော် ထားချင် ထားသွားမယ်....လက်လွှတ်ချင် လွှတ်မယ်...
မလွှတ်ချင်လည်း မလွှတ်ဘူး...ကျွန်တော့်စိတ် ကျွန်တော် ပိုင်တာပဲဟာ..."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Donde viven las historias. Descúbrelo ahora